ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Wednesday, June 24, 2009

့အမှားများမှ အမှားကောင်း နာရေးပုံပြင်များ(၂)




လူဘဝမှာ အမှားတွေလုပ်မိကြမယ် အနည်းနဲ့အများ ကွာတာရှိမယ် တိုက်ရိုက်မှားတာ သွယ်ဝိုက်လို့မှားတာ စေတနာနဲ့မှားတာ ကူညီပေးမိလို့မှားတာ မှားမိတဲ့အတွက် အနဲအများ အမှားဒါဏ်ကိုခံရပါတယ် ဘဝမှာမှားပြီးသား အမှားတွေကို ထပ်မှားတတ်ကြပါတယ် အမှားကြောင့် အခြားသူတဦးကိုဖြစ်စေ အများကိုဖြစ်စေ ထိခိုက်မူ နစ်နာမူ မရှိစေဖို့ အရေးကြီးပါတယ်။
ကျွန်တော်လဲ အမှားတွေလုပ်ခဲ့ မိပါတယ် မိမိကြောင့်အခြားသူ ထိခိုက်နစ်နာအောင် မလုပ်မိစေဖို့ ကြိုးစားပါတယ် ငယ်ရာမှကြီးလာလေ ရှောင်နိုင်လေဖြစ်ပါတယ် နာရေးကူညီမူအသင်း(ရန်ကုန်) မှာရှိစဉ်က အမှားကောင်းတခုပ်ခဲ့မိတာကို ပြောမှာပါ၊ မပြောခင် အသင်းမှာရှိစဉ်က ပါဝင်ပါတ် သက်မူ့တခု မိမိကိုယ်တိုင် ပါဝင်လုပ်ဆောင် ပေးခဲ့ရတာပါ စာရေးဆရာဦးအောင်သင်း (Pioneer) ကိုငွေတသိန်းနဲ့ မြောင်းထဲရောက်သွားအောင် လုပ်ကြံတဲ့ကိစ္စပါ၊
စာပေလောကမှာအားလုံးသိပြီး ဖြစ်ပါတယ် အတွင်းကျကျတော့ ဘယ်သူမှမသိကြပါ မလုပ်သင့်ဘူးသိပေမဲ့ မိမိထက် တာဝန်ရှိသူ လုပ်ပိုင်ခွင့်ရှိသူ လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ပိုင်ခွင့် ရှိသူကလုပ်သည့်အတွက် လုပ်ခဲ့ပါဝင်ခဲ့ မိပါတယ်၊ အမှန်ကစာရေးဆရာ အချင်းချင်းနေရာလုကြတာပါ အလုခံရသူနဲ့ လုသူဟာ ဆင်နဲ့ဆိတ် ပညာရှိသူနှင့်ပညာမဲ့သူ အလုခံရသူက ယုံကြည်၍နေရာပေးထားသူက ဦးစီးပြီးလုပ်ခဲ့တာပါ ဘားလမ်းက ကိုးဒီယားစားသောက်ဆိုင်မှာ စာနယ်ဇင်းလောကမှ လူ-၁၀၀ ကျော်ကို အအေးနှင့် ကြက်ကျော်ကျွေးပြီး အော်ကြရှုံ့ ချကြတာပါ CD,Video ရိုက်ထားကြပါတယ် ဦးစီးလုပ်ဆောင်သူ စာရေးဆရာမက အသင်းစတင်တည်ထောင်သူု များမှာပါဝင်သည့် စာရေးဆရာဦးအောင်သင်း တို့လက်ထက်ကပင် ယုံကြည်၍ အသင်းကြီးမှာ အလုပ်အမူဆောင် ပြန်ကြားရေးတာဝန်ခံ စသည်ဖြင့် အရေးပါအရာရောက်သူ ဖြစ်ပါတယ် ရုပ်ရှင်မင်းသားကိုကျော်သူ ၊ကျွန်တော် နောက်ပိုင်းတာဝန် ဆက်ယူသူအားလုံးဟာ အဲဒီအချိန်က အသင်းသား( Volunteer ) များသာဖြစ် ပါသည်။
ဦးအောင်သင်း(Pioneer) ကိုမြောင်းထဲရောက်အောင် ငွေတသိန်းနဲ.လုပ်တဲ့ကိစ္စအပြင်၊ နာရေးကူညီမူ့အသင်း(ရန်ကုန်)၊အသင်းကြီးကို စတင်တည်ထောင်သူများ(Pioneer)
ထံမှ ကလိန်ကကျစ်၊ လိမ်လည်၍ အောက်လမ်းနည်းအပြင်၊အသင်းသား
အစစ်နှင့်အတုလိမ်လည်ပြကာ မဲစာရင်းလိမ်ပြီး မိမိအား ယုံကြည်၍တာဝန်ပေးထားသော
လုပ်ပိုင်ခွင့်ကို သန်မြင့်အောင် ကအသုံးချ၍၊မိမိကိုယ်ကြိုးအတွက် အပိုင်စီးခြင်းကို
စာရေးဆရာမ သန်းမြင့်အောင် ဦးစီးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်၊ သန်မြင့်အောင် သည်အသင်း
စတင်တည်ထောင်သူမဟုတ်ပါ အသင်းစတင်တည်ထောင်သူများ စါရင်းတွင်လည်း လုံးဝမပါရှိပါ။အဲဒိကိစ္စများမှာ အသေးစိတ် ရှေတန်းကပါဝင်လုပ်ဆောင်ခဲ့ပေမဲ့ တာဝန်ရှိသူတယောက်က
မိမိအပေါ် ယုံကြည်ထားသူများကို အဆင့်ဆင့်စနစ်တကျ မိမိကိုယ်ကြိုးအတွက်
လုပ်ဆောင်ခဲ့ သည်ဖြစ်၍
မိမိအမှားပါသည်ဟု လုံးဝမယူဆပါ။
ထိုအကြောင်းများကို အသေးစိတ် တိတိကျကျ သက်သေပြချက်များနှင့်အတူ တခုချင်းတခုချင်း ခေါင်းစဉ်တတ်ပြီးရေးသွားပါမယ်။
ကျွန်တော်အမှားကောင်း အကြောင်းဆက်ရေးပါမယ်

၂၀၀၄ နှစ်စမှာဖြစ်ပါတယ်၊ ကျွန်တော် နာရေးကူညီမူ့အသင်း(ရန်ကုန်) မှာ အတွင်းရေးမူးအဖွဲ့ ဝင် အလုပ်အမူဆောင်၊လုပ်နေရတဲ့အချိန်ပါ၊ အသင်းအပါတ်စဉ် အစီဝေးမှာ အသင်းရဲ့  အလှူခံဖြတ်ပိုင် များကုန်တော့မည်ဖြစ်၍ ထပ်မံရိုက်နိပ်ရန်တာဝန်ပေးပါတယ်၊ ငွေ ၄-သိန်း အသုံးပြုရန် ဆုံးဖြတ် ကြပါတယ်၊ ဖြတ်ပိုင်း တအုပ် ကျပ်-၇၀၀-နဲ့ပါ၊ အဲဒိအချိန်က ဥက္ကဌ ဖြစ်သည့် ဥက္ကဌဦးအေးသန့် က (ငါအသိ သူငယ်ချင်း ပုံနိပ်တိုက်) ရောင်စဉ်ပုံနိပ်တိုက် ၂၂-လမ်း၊တွင်ပုံနိပ်ရန် လိပ်စာပေးလိုက်ပါတယ်၊ ပုံနိုပ်တိုက် ဖုံးနံပါတ်လဲပေးပါတယ်၊ကျွန်တော်လဲ ဘာကြောင့် မှန်းမသိတော့ပါ၊ အသင်းရုံးမှ အုပ်ချုပ်ရေးမူးကို ဖြတ်ပိုင်းတအုပ် ကျပ်-၇၀၀-နဲ့ ငွေ -၄-သိန်းကို အလှူခံဖြတ်ပိုင်း ဘယ်နှစ်အုပ် ရနိုင်မလဲ တွက်ချက်ပေးပါရန် ပြောပါတယ်။
အသင်းအလှူခံဖြတ်ပိုင်းဟာ ၁၂ * ၈ လက်မလောက်ရှိပါမယ် တရွက်မှာ ဖြူ၊ပြာ၊ဝါ အရောင် သုံးရွက်ထားပါတယ်၊အဖြူရောင်အရွက်က အလှူထည့်သူကိုပေးပါတယ် အပြာရောင်က ငွေစါရင်း ဌာနကိုပေးရပါတယ် အဝါရောင်က ရုံးလက်ခံထားပါတယ်၊ အင်မတန်တိကျသေချာစွာ
ငွေလက်ခံဆောင်ရွက်ခြင်း ဖြစ်ပါတယ်၊ စာရွက်သားလည်း အလွန်ကောင်းပါတယ်။
ကျွန်တော်ဟာ အလယ်တန်း အထက်တန်း နောက်ဘွဲ့ရသည်အထိ ကိုယ့်ကိုကိုယ် သင်္ချာအတွက် အချက်မှာ အလွန်တော်သည်ဟုထင်ပါသည်(ကိုယ့်ကိုကိုယ်ထင်တာနော်) ဓါတုဗေဓ ( အဲဒီတုံးကအမြင့်ဆုံး) ရပေမဲ့ ရှုပဗေဓ ယူပြီး ဘွဲ့ ယူခဲ့ပါသည်၊ အသင်းအုပ်ချုပ်ရေးမူးက တွက်ချက်ပြီး စာရွက်တရွက်ပေးပါသည် ကျွန်တော်လဲစာရွက်ကိုကြည့်၍ ပုံနိပ်တိုက်ပုံနိပ်ရန် အကြောင်ကြားဖို့ ဥက္ကဌ ဦးအေးသန့် ပေးထားသော ဖုံးနံပါတ်ကို အသင်းအုပ်ချုပ်ရေးမူးအားပေး၍ ပုံနိပ်တိုက်သို့ သူတွက်ချက်ထားသည့်အတိုင်း ပုံနိပ်ခိုင်းရန် ပြောပါသည်၊အုပ်ချုပ်ရေးမူးက ကျွန်တော့ရှေ့ မှာ ပုံနိပ်ရန်အကြောင်းကြားခဲ့ပါသည်။
ထိုအချိန်က ကျွန်တော်သည် အသင်းတွင် ကိုယ်လက်ကိုယ်ခြေ ၊သေတ္တာမှောက် အစစအရာရာ
လုပ်ကိုင်နေသည့်အချိန်ဖြစ်ပါသည်၊တလအတွင်းအသင်းတွင် အခြားအလုပ်များရှိပါသဖြင့် ပြန်လည်သတိမထားမိတော့ပါ၊ တလခန့်ကြာမှ ပုံနိုပ်တိုက်မှ အသင်း၏အလှူခံဖြတ်ပိုင်း
စာအုပ်များတဝက်ကျော်ပုံနိုပ်ပြီးကြောင်း အကြောင်းကြားလာပါသည်၊
ကျွန်တော်လည်း အသင်းပိုင် ဂျစ်ကား( Shan Star Jeep 4-doors) ဖြင့် ၂၂-လမ်းရှိ
ရောင်စဉ်ပုံနိုပ်တိုက်သို့ သွားခဲ့ပါသည်၊ ( Shan Star Jeep 4-doors) ကို ထွက်သွားပြီဖြစ်တဲ့ အရင် အတွင်းရေးမူ ဝယ်ခဲ့တာပါ သူ ထွက်သွားပြီးမှ ကား ရလို့် ကျွန်တော့ကို တဦးတည်းစီးခွင့် ပေးထားပါတယ်၊
ဒီ (Shan Star Jeep 4-doors) အသင်းတွင် ဘယ်လိုရရှိခဲ့သလဲဆိုတာ
နောက်အသေးစိတ် ရေးပါမယ် အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။
ရောင်စဉ်ပုံနိုပ်တိုက်သို့ ရောက်သောအခါ အုပ်ရည်ဘယ်လောက်ပြီးနေကြောင်း ပြောပါတယ်
နောက်ပြီးတော့ အုပ်ရည်အားလုံးအတွက် ကျသင့်သောငွေ ဘောက်ချာ ကိုပြပါတယ်
ကျသင်ငွေ အားလုံးကို အလှူခံဖြတ်ပိုင်း စာအုပ်အားလုံးပြီးမှ ပေးနိုင်ကြောင်း ပြောပါသည်။
ကျသင့်ငွေတန်ဘိုးကို ဘောက်ချာတွင် ကြည့်သောအခါ ကျွန်တော် မှားသွားပြီး
ခံလိုက်ရပြီးဖြစ်ကြောင်းသိလိုက်ရပါသည်၊ ဖြတ်ပိုင်းအုပ်ရေက ၃၀၀၀-နီးပါဖြစ်နေပါတယ်၊
ကျသင့်ငွေက ၂၂-သိန်း ဖြစ်နေသောကြောင့် ဖြစ်ပါသည်၊ အမှန်က ကျပ်-လေးသိန်း အတွက် အုပ်ရေ-၅၅၀-ခန့်သာဖြစ်ရပါမည်။
စိတ်ကိုအေးအေးထာ ဖြေရှင်းရမည်ဟု ဆုံးဖြတ်လိုက်ပါသည်၊ အဓိက က ကျွန်တော်ရှာဖွေသော ပုံနိုပ်တိုက်၊ကျွန်တော်အသိ မိတ်ဆွေ၏ ပုံနိုပ်တိုက် မဟုတ်ပါ၊ အသင်းဥက္ကဌ ဦးအေးသန့် ၏အလွန် ရင်နှိးသောမိတ်ဆွေ သူငယ်ချင်းဖြစ်သူ၏ ပုံနိုပ်တိုက် ဖြစ်၍ စိတ်သက်သာ ခဲ့ပါသည်။
ပုံနိုပ်တိုက် ပိုင်ရှင်မှလည်း ကျသင့်ငွေ များထဲမှ ကျပ်ငွေ ၄-သိန်းကို အလှူငွေအဖြစ် လှူဒါန်မည် ဟု ပြောပါသည်။
ထိုစဉ်က အသင်းအလုပ်အမှုဆောင်အစီးအဝေးသည်၊ တနဂ်နွေနေ့တိုင်းရှိပါသည် ကျွန်တော်လည် အသင်းအမှုဆောင်အစည်းဝေးသို့ တင်ပြပါသည်၊ အလှည့်ရောက်တော့နွဲ့ လို့မရပါ၊ ကျွန်တော်တို့ တွေသည် အသင်းဖွဲ့ စည်းပုံ ရှိသော်လည်း မိမိလုပ်ပိုင်ခွင့်ရလျှင် ဘယ်သူမှပြောမရဆိုမရ လုပ်ကြပါသည် ကျွန်တော်လည်း ထိုစဉ် က ဘယ်သူမှပြောမရ ဆိုမရ မှန်တယ်ထင်လျှင် အသင်းတိုးတက်ဖိုဆိုလျှင် စွတ်လုပ်ခဲ့မိပါသည် ဘယ်သူကိုမှအကောက်မကြံ မနာလိုမှဖြစ်ခဲပါ။
ကျွန်တော်လည်း အသင်းအမှုဆောင် အစီးအဝေးတွင် အလှူခံ ဖြတ်ပိုင်းစာအုပ် ရိုက်နှိပ်ရန် အတွက်အသင်းမှ ကျပ်ငွေ ၄-သိန်း ခွင့်ပြု့ ထားပါကြောင်း အသင်းဥက္ကဌ ဦးအေးသန့် ပြောဆို သည့်အတိုင်း ဥက္ကဌ၏ အသိ မိတ်ဆွေ ဖြစ်သူ ပိုင်ဆိုင်သော ၂၂-လမ်းရှိ ရောင်စဉ်ပုံနှိပ်တိုက်တွင် ပုံနှိပ်ခဲ့ပါကြောင်း တလအတွင်း အုပ်ရည် တဝက်ရရှိခဲ့ပါကြောင်း သို့သော်လည်း ကျွန်တော်၏ အတွက်အချက်မှားမှု့ ကြောင့် အုပ်ရည် အားလုံးအတွက် ကျသင်ငွေ ၂၂-သိန်း ဖြစ်နေပါကြောင်း သိုသော်လည်း ဖြတ်ပိုင်းစာအုပ်အားလုံးသည် အနည်းဆုံး ၅-နှစ်အသုံးပြု၍ ရမည်ဖြစ်ပါကြောင်း ပုံနှိပ်တိုက်ပိုင်ရှင်က ကျသင်ငွေထဲမှ ကျပ်ငွေ ၄-သိန်းလှူဒါန်းပါကြောင်း ကျွန်တော်တွင် တာဝန်ရှိပါကြောင်း မိမိအမှားကို အမှန်အတိုင်းပြောပြ ရပါသည်။
ထိုအချိန်က ဘဏ္ဍာရေးမှူသည် ဒေါ်ဥမ္မာစိုး ဖြစ်၍ ဒုတိယ ဘဏ္ဍာရေးမှူးသည် ကိုကျော်သူ၏ဇနီး ရွှေဇီးကွက် ခေါ် ဒေါ်မြင့်မြင့်ခင်ဖေ ဖြစ်ပါသည်၊ဒေါ်ဥမ္မာစိုးက ကျွန်တော်ကို ပြောမရဆိုမရဖြစ်၍ သိပ်မကြည်ပါ အသင်းမှဆုံးဖြတ်ထားသည့် ငွေ ၄-သိန်းသာပေးနိုင်မည်ဟု ပြောပါသည်၊ကျွန်တော်လည်း နောက်အပါတ် အစည်းအဝေးများတွင် ပြန်လည်းစဉ်စားဆုံးဖြတ် ပေးပါရန် နှင့် ပုံနှိပ်တိုက်သွားရောက် စုံးစမ်းမေးမြန်ပါရန် တင်ပြခဲ့ရပါသည်
ကျွန်တော်၏ ဝါသနာ သည် စာဖတ်ခြင်းဖြစ်ပါသည် စာဖတ်သည့်အတွက် ဘဝ၏လောကဓံကို ခံနိုင်ရည်ရှိပါသည် တခါမှစိတ်ဓါတ်မကျဘူးပါ အခုအသက်အရွယ်အထိ ခေါင်းကိုက် ခေါင်မူး အရှိဘူးပါ၊
အမှားကိုဝန်ခံတတ်သည့် အလေ့အထကိုလဲ အမြဲခံယူနိုင်အောင် လေ့ကျင်ထားပါသည်။
အခုဖြစ်သွားသည့် ကိစ္စကိုလည်း မိမိတွင်တာဝန်ရှိသည်ဟု လုံးဝခံယူထား ပါသည်၊ သိုသော် ကျွန်တော်စိတ်ထဲတွင် ဘယ်သူမှမပြောခဲ့သော်လည်း သံသယတခုရှိပါသည်၊ ဘဝအတွေ့ အကြုံအရ သံသယဆိုတာ များသောအားဖြင့် အမှားတွေဖြစ်နေတတ်ပါသည် ဒါကြောင်သံသယကို မထားတတ်အောင် မစဉ်းစားမိအောင် လေ့ကျင့်ပါသည် သတိထားပါသည်၊ ကျွန်တော် ပုံနိုပ်တိုက်သို့ ဖုန်ဆက်ခိုင်းသော အုပ်ချုပ်ရေမူသည် ယခင်က နာရေးကူညီမူအသင်း(ရန်ကုန်)ကို စတင်တည်ထောင်သော(Pioneer)များ လက်ထက်ကကျန်ခဲ့သောသူဖြစ်ပါသည်၊ အသင်းစတင်တည်ထောင်သူမျာ(Pioneer) အားလုံး အသင်းကြီမှ လူမသိသူမသိ ထွက်ခွါသွားခဲ့ရသော်လည်း အသင်းရှိဝန်ထမ်းအားလုံးကို ဆက်လက်ခန့်ထားခဲကြပါသည်။
အုပ်ချုပ်ရေးမူက ကျွန်တော်အား ထည့်လိုက်သည် (ဒုက္ခရောက်အောင်လုပ်လိုက်သည်) ဟု သံသယ ဖြစ်မိပါသည်၊ ဘယ်သူကိုမှမပြောပြခဲ့ပါ အုပ်ချုပ်ရေးမူ နှင့်လည်း ခင်မင်စွာ အမြဲဆက်ဆံခဲ့ပါသည်။
ဘာကြောင်သံသယ ဖြစ်ခဲ့သလဲဆိုတာ ပြောပါမယ် အသင်းစတင်တည်ထောင်သူးမျာ(Pioneer) များ အသင်းမှလူမသိသူမသိ ထွက်ခွာသွားသော်လည်း အသင်းဝန်ထမ်းအားလုံးကိုဖြုတ်မပြစ်ပါ ကျွန်တော်တို့ ကောင်းစွာဆက်ဆံခဲ့ပါသည် သိုသော် အသုဘယဉ်မောင်းသော ယဉ်မောင်းတယောက်သည် အင်းစိန် ဘက်တွင် အသင်းတွင် ပိုက်ဆံပြတ်နေသည်ဟုပြောကာ အသုဘတခုလျှင် ငွေ ကျပ်-၃၀၀၀၊ လိုက်လံ တောင်းနေသည်ကို တွေ့ ရပါသည် ကျွန်တော်တို့အားနံမည်လိုက်ဖျက်ခြင်းဖြစ်ပါသည်၊ ထိုအတွေအကြုံ များအရသံသယ ဖြစ်ခဲ့မိခြင်းဖြစ်ပါသည် စိတ်ထဲတွင်သာထားခဲ့ပါသည် ထိုအုပ်ချုပ်ရေးမူလည်း ၂၀၀၄-ခုနှစ် တွင် အသင်းငွေများ ယူသုံးပြီချက်ချင်းပြန်လည်မသွင်းသည့်အတွက် အလုပ်မှဖြုတ်ခံရပါသည် ငွေများကို ပြန်လည်ပေးဆပ်ရန် လက်မှတ်ထိုးခိုင်းခဲ့ပါသည်၊ငွေမျာကို တဖြည်ဖြည်ပြန်လည်ပေးဆပ်ခဲ့ပါသည်။
ကျွန်တော်ရှိစဉ် အသင်း၏ အုပ်ချုပ်ရေးမူ ၂-ယောက် ငွေအလွဲသုံးမူဖြင် အလုပ်ဖြုတ်ခဲ့ရပါသည် ငွေကိုသာပြန် လည်ပေးလျော်ခိုင်းခဲ့ပါသည် ရဲကိုမတိုင်ခဲ့ပါ။
တလကြာသည့်အခါ ပုံနိုပ်တိုက်မှ အလှူခံဖြတ်ပိုင်းစာအုပ်များအားလုံး ရိုက်နိုပ်၍ပြီးပါကြောင်း ကျသင့်ငွေ ကျပ် ၂၂-သိန်း ဘောင်ချာနှင့် အသင်းကိုကျပ် ၄-သိန်းလှူဒါန်းပါကြောင်း မကြောင်းကြားလာပါသည်
ထိုအခါကျွန်တော်လည်း အစည်းအဝေးတွင် ထပ်မံတင်ပြသောအခါ အားလုံးက ရှောရှောရှု ရှု ပေးရန်ရှိသော ကျပ်ငွေ-၁၈ သိန်းအားသုံးခွင့်ပြုခဲ့ပါသည်၊ သိုသော် အမှားသည်အမှားသာဖြစ် ပါသည် အသင်းတွင်အစီးအဝေး၊သိုမဟုတ် တခုခုလုပ်မည်ပြောတိုင်းထောက်ပြခြင်းကိုခံရပါသည်။
နောက် ၆-လကြာသည့်အခါတွင် စက္ကူဈေး ပုံနိုပ်မှင်ဈေးများ ၂-ဆမကတက်ခဲ့ပါသည် နောက်နှစ် များတွင်လည်း အဆမတန်ဈေးတက်ခဲ့တာထပ်မံသိရပါသည်၊ အလှူခံဖြတ်ပိုင်းစာအုပ်များသည် အနည်းဆုံး ၅-နှစ်ခန့်အသုံးပြု၍ရမည်ဟုကျွန်တော်သိပါသည်၊ အသင်းအတွက် ငွေ သိန်း ၃၀-၄၀ ခန့် ရှာပေးခြင် ဖြစ်သည်ဟု ခံယူမိပါသည် အမြဲပီတိ ဖြစ်နေမိပါသည် ကျွန်တော်အမှားအတွက် ခွင့်ပြုခဲ့သော
တချိန်က ရဲဘော်ရဲဘက်များ အားအမြဲ ကျေးဇူးတင်နေမိပါသည်
မှားခဲ့သော်လည် ကျွန်တော်အတွက်အမှားကောင်းဖြစ်ခဲ့ပါသည်။

Read More...

Wednesday, June 17, 2009

အစိုးရ နှင့် ဝန်ထမ်း ( Public Service ) များ

အစိုးရ နှင် အစိုးရဝန်ထမ်း (Public service ) အားလုံးသည် ပြည်သူပြည်သားများ၏ အခိုင်းအစေ များသာဖြစ်သည်။
ကျွန်တော်တို့ မြန်မာပြည်သူပြည်သား များသည်ထိုသို့ ရင်ထဲ အသဲထဲတွင် နှစ်လုံးသွင်းထားရမည် ဖြစ်ပါသည်၊ ဘာကြောင့်ပါလဲ ?
သက်ဦးဆံပိုင် ဘုရင်စနစ် မဟုတ်ဘဲ အခြေခံဥပဒေ များဖြင့်အုပ်ချုပ်ပြီး နိုင်ငံတော်၏လစာကို ရယူနေလျှင် သမတ ဝန်ကြီးချုပ် ဝန်ကြီး ဗိုလ်ချုပ်မူးကြီး ရဲချု့ပ်ကြီး မှစ၍ အောက်ဆုံးဝန်ထမ်း မင်းစေ ( ရုံးအကူ ) တပ်သား အထိ အားလုံးသည် နိုင်ငံတော်အခွန် ပြည်သူပြည်သား တို့၏အခွန်ကို စားသုံးရယူရသော လခစားဝန်ထမ်း သာဖြစ်ပါသည်။
လခစားဝန်ထမ်း များဖြစ်သည့် အစိုးရဝန်ထမ်း ( Public service ) များကို မြန်မာပြည်သူပြည်သားများ ကြောက်နေကြသည်ဟု ထင်ပါသည် တချှီု့ ဆိုလျှင် ရှစ်ကလေးတခိုးခိုးနဲ ( ရှစ်ခိုးတာကတော့ မြန်မာသံသို့ ဗိုလ်ချုပ်ကြီး တယောက်လာတာမှာ အဆိုတော်တင်တင်မြ လက်အုပ်ကလေးချီချီပြီး စကားပြောတာ T V မှာ ကြည့်ရပြီး အားကျ၍ ဖြစ်ကြပါလိမ့်မယ် အဆိုတော်တင်တင်မြမှာ လက်အုပ်ချီရတာ အကြောင်းရှိပါသည် ၁၉၉၅ လောက်က မြန်မာအသံမှာ မြန်မာအသံ၊စကတဲကရှိခဲ့တဲ့ စန္ဒယားကြီး၊ အဆိုတော်ရုပ်ရှင်မင်းသားကြီး ဝင်းဦး သီချင်းဆိုတဲ့ရိုက်ကွင်းမှာ ပါတတ်သည့် စန္ဒယားကြီး ပျောက်သွားပါတယ် ဝင်ပေါက်ထွက်ပေါက် တခုသာရှိပြီး စန္ဒယာကြီးကို ဘယ်လိုမှမထုတ်၍မရနိုင်တဲ့ အခန်းထဲက ပျောက်သွားတာပါ ကျွန်တော်နဲ့သိတဲ့ မြန်မာအသံအရာရှိကြီးက ခေါင်ဆောင်ခုံရုံးဖွဲ့ စစ်ဆေးပါသည် တာဝန်ရှိသူဟာ အဆိုတော်တင်တင်မြ ဖြစ်နေတာ တွေ့ရပါသည် အပြစ်ပေးရမည်ဆိုတော့ အဆိုတော်တင်တင်မြက ရှာဖွေရန်တလ ခွင့်တောင်းပါသည် တလအတွင်းရှာမတွေ့ပါ အဲဒီအချိန်မှာ မြန်မာအသံကို ဗိုလ်ချူပ်ကြီးခင်ညွန် ရောက်လာရာ အဆိုတော်တင်တင်မြ တောင်းပန်ဦးချ မျက်ရည်ကျ၍ အမူ့အားလုံး ပယ်ဖျက်စေပြီး စန္ဒယားအသစ် ဝယ်စေပါသည်
မြန်မာအသံရှိ လူကြီးများကလည်း ကျန်သည့်ပျောက်ရှ အမူ့အားလုံးကို ရော၍ပလပ်လိုက်သည့်
အတွက် အားလုံးတပျော်တပါး ရှိခဲ့ပါကြောင်း ) တွေ့  ကြရပါသည်။
အဲဒီတော့ အပြစ်ရှိသူက သူကိုကယ်ခဲ့၍ ဦးချတာဖြစ်ပါသည် ယခုလက်အုတ်ကလေးတချိချိဖြင့် ဦးချနေသူများသည် မဟုတ်မဟတ်တွေ လုပ်ထား၍ အပြစ်ရှိ၍ ဖါးသည့်အနေနှင့် လက်အုတ်ချိ ဦးချကြခြင်သာ ဖြစ်ပါသည် ဆင်ချင်ကြပါ၊၊
တဦးနှင့်တဦး သက်ကြီး၍ ဝါကြီး၍ ဆရာသမာဖြစ်၍ လက်အုတ်ချီပြီး နားထောင်သည့်အကျင့် ပြောသည့်အကျင့် မြန်မာယဉ်ကျေးမူ တွင်မရှိပါ သတင်းကျွတ် တဆောင်တိုင် နှစ်သစ်ကူးများမှာ သက်ကြီး ဝါကြီး ဆရာသမား များကို စုပေါင်း၍ဖြစ်စေ မိသားစုအလိုက်ဖြစ်စေ တဦးခြင်ဖြစ်စေ ကတော့ခြင်း သာရှိပါသည်၊ ထိုင်းနိုင်ငံတွင် ထိုင်းလူမျိုးတိုင်း တွေ့ သည့်အခါ ခွဲခွါသည့်အခါတိုင်း ဆာဝါရီ ခတ်- ဟုပြောဆို လက်အုပ်ချီပြီး နုတ်ဆက်ကြပါသည် ထိုင်းလူမျီုးတို့၏ ယဉ်ကျေးမူ ဖြစ်ပါသည်။
မိမိတို့သည် ဥပဒေ စီးမျဉ်းစီးကမ်းများ လိုက်နာလျှင် မဖေါက်ဖျက်လျှင် မည်သူကိုမှ ကြောက်စရာမလိုပါ မြန်မာယဉ်ကျေးမူ တွင်မရှိသည့် အကျင့်ကိုမကျင့်ပါနှင့် မြန်မာယဉ်ကျေးမူ ကိုစော်ကားရာ ရောက်ပါသည် လူမျိုးတိုင်း လူမျိုးတိုင်မှာ မိမိတို့ ယဉ်ကျေးမူ ဓလေ့ထုံးစံများ ရှိပါသည် ဂုဏ်ယူစွာ လိုက်နာကျင့်သုံးရမည် ဖြစ်ပါသည် ။
ယနေ့ ဝန်ထမ်းများသည် အထက်လူကြီးကို ဖါးခြင် ရာထူးတက်ရန် အလုပ်မပြုတ် နေရာကောင်းရရန် လတ်ပေးရခြင်း ပြည်သူပြည်သားများ ထံမှလတ်ယူခြင်များ ဖိနိပ်စော်ကားခြင်း နေရာတကာတွင် ပြောမဆုံးပေါင် ဓလေ့တခု ဖြစ်သွားပါပြီ။
ထိုသို ဖြစ်ရခြင်းမှာ နိုင်ငံတော်၏ လခကိုစားနေသော ဝန်ထမ်း ( Public service ) များအပေါ် ပြည်သူပြည်သာ၏ အမြင်ပြတ်သားမူ မရှိ၍ ဖြစ်ပါသည်၊
ယနေ့ မြန်မာပြည်သူပြည်သား များက နိုင်ငံတော်လစာကိုစားနေသော ဝန်ထမ်း ( Public service ) များ အပေါ် နိုင်ငံတော်အခွန် မိမိတို့အခွန်ကို စားနေသော လခစားဝန်ထမ်းများအဖြစ် ဝန်ထမ်းစီးမျဉ်စီကမ်းများဖြင့် ခိုင်းစေထားသူအဖြစ် ရုံး၊ဌာန၊TV တွင် တွေ့သည်အခါ ပုံပေါ်အောင် ကြည့်၍မြင်၍ ပြတ်ပြတ်သားသား မြင်ပြီး မိမိတို့ အခိုင်းအစေ များအဖြစ် ရင်ထဲအသဲထဲက နှစ်လုံးသွင်းလျှက် ကြောက်ရွှံခြင်း လတ်ပေးခြင်များ လုံဝလုံးဝ မပြုလုပ်လျှင် ဝန်ထမ်းများ အကျင့်ပျက်မူများ လတ်ယူမူများ ပပျောက်၍ ---
မိမိတို့ လိုချင်သော တိုးတက်သာယာဝပြောသည့် ဒီမိုကရေစီ နိုင်ငံဖြစ်လာမည်မှာ မလွဲပေ ပြတ်သာကြစို့
( ကြည့်တတ်မြင်တတ်လျှင် အကြည့်ခံရသူ၏စရိုက် (ရုပ်လုံး)အားနည်းချက် ပေါ်လာပါမည် ဝိုင်း၍မျာမျာကြည်ကြပါ )

Read More...

Tuesday, June 16, 2009

ဒေါ်အောင်ဆန်းစုကြည် ၆၄-နှစ်မြောက် မွေးနေပွဲ မဲဆောက်ပုံပြင်များ( ၃ )

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကိုဘာကြောင့် မြန်မာနိုင်ငံသူ နိုင် ငံသားများ ပြည်တွင်း ပြည်ပမှား အာတက် သရော ကျင်းပပွဲများပြု့ လုပ်ကြပါသလဲ။
ဗိုလ်ချုပ်အောင်ဆန်သည် မြန်မာနိုင်ငံ အမျိုသားခေါင်ဆောင် လွပ်လပ်ရေးဖခင် ပြည်သူပြည်သာများ ချစ်ခင်လေးစား ကြည်ညိုသော ကမ္ဘာသိခေါင်ဆောင် ဖြစ်ခဲ့ပါသည်။
သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း မြန်မာပြည်သူ ပြည်သာများက ပြည်သူပြည်သားများ မျက်နှာကို ကြည့်၍ မြန်မာပြည် တိုးတက်အောင် သာယာဝပြောအောင် စည်းလုံးအောင် ယနေ့ခံစားနေကြရသည့် ဒုခ ဆင်းရဲ အပေါင်းမှ စစ်အာဏာရှင်များ လက်အောက်မှ လွတ်မြောက်ပေးနိုင်မည့် ဒုတိယလွတ်လပ်ရေး (ဒီမိုကရေစီ) ခေါင်ဆောင်အဖြစ် ရင်ထဲနှစ်လုံးသားထဲက ယုံကြည်အားထား လေးစားသောကြောင့် ဇြစ်ပါသည်။
ကျွန်တော် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့ တွင် ၂၀၀၈-ဇွန်လတွင်တခါ၊ယခု ၂၀၀၉-ခုနှစ် ဇွန်လတွင်တခါ၊ကျင်ပရာတွင် ဘေးမှအနည်းငယ် ပါဝင်ကူညီပေး နိုင်ခဲ့ပါသည်။
၂၀၀၈-ခုနှစ်တွင် မဲဆောက်မြို့ တောရကျောင်းတွင် ၆၃-နှစ်မြောက်မွေးနေ့ ရဟန်း ၆၄-ပါး၊ရဟန်းခံခြင်၊ သီတဂူဆရာတော်မှ ၂-ည တရားဒေသနာတော်များ ဟောကြားခြင်းများ ပြု့ ၍ နာဂစ်မုန်တိုင်းအလှူခံခြင်များ တပြိုင်တည်းပြု့ လုပ် ကျင်းပခဲ့ကြပါသည်။
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသူ၊နိုင်ငံသာများ၏ လှူဒါန်းငွေဖြင့် ပညာရည် ဖွင့်ဖြိုးရန် တည်ထောင်ထားသော မဲဆောက်မြို့  ရှိ (H R D P) လူသားအရင်းအမြစ် ဖွင့်ဖြိုးတိုးတက်ရေး အစီအစဉ်မှ တာဝန်ယူလုပ်ဆောင် လှူဒါန်ပေးခဲ့ခြင်ဖြစ်ပါသည်။
ယခုနှစ် ၂၀၀၉-ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ၆၄-နှစ်မြောက်မွေးနေ့ကိုလည်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသူ၊နိုင်ငံသားများ၏ လှူဒါန်းငွေ ဂျပန်ယန်း(တသောင်ကျော်) မြန်မာငွေ-သိန်း-၁၀၀-ကျော်ဖြင့် ထိုင်းနိုင်Tak-ခရိုင်မဲဆောက်မြို ဧရိယာအတွင်းရှိ မြန်မာနိုင်ငံသူ၊နိုင်ငံသားများအား မဲဆောက်မြို့ ( H R D P )မှ တာဝန်ယူ၍ ဆန်၊မားမားခေါက်ဆွဲထုတ် ငါးသေတ္တာဘူးသေးတဘူးစီ ပေးဝေခြင်ဖြင့် မွေးနေ့ပွဲကျင်းပ ပြု့ လုပ်မည်ဖြစ်ပါသည်၊ မဲဆောက်မြို့  (HRDP) အဆောက်အဦးတွင် ဇွန်လ-၁၀ရက်နေ့မှစ၍ ဆန်အိတ်များ ရောက်ရှိခဲ့ပါသည်၊ (HRDP)ရုံးတွင် ဆန် ၃-ကီလို၊ မားမားခေါက်ဆွဲ၊ ငါးသေတ္တာ တို့နှင့်အတူ အထုတ်ပေါင်း ၃၀၀၀-ကျော်ထုတ်ပိုးထားပါသည်။
မဲဆောက်မြို့ ထဲတွင် ပေးဝေရန်လုံခြုံရေး အခက်အခဲ ရှိသဖြင့် စက်ရုံ လယ်ယာလုပ်သားများ ရှိသည့် မြို့ ပြင်သို့ ရုံးပိတ်ရက် စနေနေ့ ၂၀.၆.၂၀၀၉ နေ့တွင် သွာရောက်ပေးဝေ လှူဒါန်းရန် အသင့်ပြင်ဆင် ထားပါသည်။
၂၀.၆.၂၀၀၉-နံနက်စောစော ၇-နာရီခန့်တွင် (HRDP) ရုံးသို့ရောက်ပါသည် ဂ-နာရီခန့်တွင် ဆလွန် ကား ၂-စီ ဖြင့် ဆန်ဝေမည့် ကော်ကဆာရွာသို့ထွက်ခဲ့ပါသည် မဲဆောက်မြို့ မှ ၁၅-မိုင်ခန့်ဝေးပြီး မယ်ပသွာ အဝေးပြေးလမ်မကြီးအတိုင် ၁၀-မိုင်ခန့် ညာဘက် မုတ်ဦးတွေလျှင်ချိုး၍ တောင်ခြေ သို့ကတ္တရာလမ်းဖြင့် တောင်တက်တောင်ဆင်း သွားရာတောင်ခြေသို့ မရောက်မှိ ကော်ကဆာရွာ ရောက်ပါသည် ရွာရောက်၍ ရွာနောက်တောင်ခြေတွင် ရေပူစမ်းရှိသည်ကိုသိမှ ၂၀၀၈-ဧပြီလ သင်းကြန်းက ဖင်လန်နိုင်ငံသို ရောက်ရှိနေသော လူငယ်မိတ်ဆွေ မဲဆောက်လာလည်ကာ ကားငှားအကုန်အကျခံပေးသဖြင့် ရေပူစမ်းသွားရာ ထိုရွာသို့ဖြတ်ခဲ့ ရောက်ခဲ့ဘူးခြင်ဖြစ်ပါသည်။
ကော်ကဆာရွာသည် မြန်မာပြည်မြို့ ငယ်တမြို့ ခန့်ရှိပါသည် ရွာလမ်းများသည် ကတ္တရာလမ်းများ ဖြစ်၍ရွာတန်းရှည်မဟုတ်ပါ တောင်ခြေရွာဖြစ်သော်လည်း လယ်ယာလုပ်ငန်း အဓိကဖြစ်ပါသည်၊ အုတ်ကျွတ်မိုးတိုက်အိမ် များသာဖြစ်ပါသည် တအိမ်လှ်ျလယ်ယာလုပ်ရန် မြန်မာအလုပ်သမား ၁၀-ယောက်ခန့် ခြံထဲတွင် တန်းရားဆောက်၍ နေစရာပေးထားပါသည် ရွာသူကြီးအိမ် အနီးရှိ လူ ၂၀၀၀-ဆန့် သံပန်သလင်းခင် အုတ်ကျွတ်မိုး စင်မြင့်ရှိ ခန်းမတခုတွင် မြန်မာလယ်ယာလုပ်သား ကျား၊မ၊ကလေးလူကြီး ခန်မအပြည့်ရောက်ရှိနေပါသည် ဆန်ကားလည်ခန်းမရှေတွင် ရောက်ရှိနေပါသည်၊(HRDP) မှတာဝန်ရှိသူများ ခြင်လက်ဆောင်ဖြင့် သူကြီးအိမ်သို့ ဝင်၍ လက်ဆောင်ပေး ဂါရဝပြုပါသည်၊ သူကြီးမှလက်ဆောင်ရယူ၍ ဆုတောင်စကားပြောပါသည်၊ ခန်းမနှင့်အပြင် မြန်မာလယ်ယာလုပ်သား မိသားစု ၂၀၀၀-ကျော်ခန့်တွေ့ရပါသည် ၃-ပုံ တပုံ အလုပ်ဆင်းနေရသည်ဟု သိရပါသည်၊ ရွာသူကြီးမှ အရက်မသောက်ဖို့ ရန်မဖြစ်ဖို လောင်ကစား မလုပ်ဖို့ ညအခါအချိန်မတော် မထွက်ဖို့ပြောပြီး မဲဆောက်မှလာသည့် ဆရာတော်ဦးဏုသာရိရ နှင့် HRDP မှတာဝန်ရှိသူများက ဒေါ်အောင်ဆန်စုကြည် မွေးနေ့အကြောင် ဂျပန်ရောက် မြန်မာမျာ၏ အလှူဖြစ်ကြောင်း ပြောပြီး ဆုတောင် ပေးကြပါသည်။
ဆန်ဝေရသည့်ကိစ္စသည် လွယ်ကူသည်တော့ မဟုတ်ပါ လူငယ်များဝိုင်ဝန် ထိမ်သိမ်းကြပ်မတ် ပေးသဖြင့် နံနက် ၁၁-နာရီခန့်တွင် ပြီးသွားပါသည်၊ ဆန်အိတ် ၂၅၀၀-ပေးဝေဖြစ်ခဲ့ပါသည်၊ ပီတိ ဖြစ်စရာ ဝမ်သာစရာပါ ရသူအားလုံးလဲ ဝမ်သာကြပါသည်၊ သို့သော်----------
ကျွန်တော်တို့မြန်မာတွေ ထိုင်နိုင်ငံမှာ အလုပ်သမားအဖြစ် ထိုင်းနိုင်ငံသားတွေ မလုပ်ထာမှန်သမျှ လုပ်နေရတာ ၂-သန်းကျော်ခန့် ရှိတယ်ဆိုတာ ခုတော့ယုံပါပြီ၊ ကောကဆာရွာ တရွာထဲမှာတောင် မြန်မာ ၅၀၀၀-ခန့် ရှိပါမယ် တချို့ ကလယ်ထဲယာထဲ တဲထိုးနေကြရတာပါ အနီအနာရွာက ကချင်လူမျိုး ကျောင်းဆရာတယောက် လာပါတယ် သူတို့ကျောင်းမှာ မြန်မာကလေး ကျောင်းတက်သူ ၄၀၀-ကျော်ရှိတယ် ဒါတောင်ကျောင်မဆန့်၍ လက်မခံနိုင်တာရှိသေးသည် ထိုင်းစာမြန်မာစာကို ၆-တန်အထိ သင်ပေးသည်ဟုသိရပါသည်၊ အင်မတန်ဆင်းရဲကြပါတယ် လယ်ယာလုပ်သားတွေဟာ တနှစ်မှ ၆-လခန့်သာအလုပ်ရှိပါသည် တနေ့ ဘတ် ၈၀-သာရပါသည် သတ်မှတ်သည်ထက် တဝက်သာရပါသည် အားသည့်ရက် နေ့စားရှာလုပ်ရပါသည် မြန်မာပြည်ထက် ဝဝလင်လင်စားရပြီး ရေမီးမှန်မှန် အဝတ်အစား ကျမ္မာရေးကစ သာ၍ ကျွန်သဖွယ်လာရောက် လုပ်ကိုင်ကြခြင်းဖြစ်ပါသည်၊
၁၉.၆.၂၀၀၉-မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို အဖွဲ့အစီးအသီးသီး မိမိတို့အခန်း ကလေးတွေထဲမှာ ဟောပြောပွဲလုပ်လိုက် စာလိုက်ကြနဲ့ တနှစ်မှာနေ့တွေ အများကြီး နေ့တွေ ဖွင့်ပွဲတွေ ကျင်းပကြပါတယ် တခါလာလဲဒီလူတွေ တခါလာလဲဒီလူတွေနဲ့ ဟောလိုက် ပြောလိုက်စားလိုက် နဲပြီးသွားတယ် ဘာမှဖြစ်မလာပါ ဒီနေ့ဒီအချိန်ဟာ မြန်မာ ပြည်သူပြည်သားများ မျက်နှာကိုကြည့်ရမည့် အချိန်ဖြစ်ပါတယ် မရှိအတူတူ ရှိအတူတူ တပေါင်းတည်း မြန်မာ ပြည်သူပြည်သား တွေနဲ့ ထိတွေ့နီးစပ် အကြိုးပြု့  စည်းရုံးနိုင်မည့်
နည်းဗျူဟာ မဟာဗျူဟာပြောင်းဖို့ သင့်ပါပြီ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူပြည်သား မျက်နှာကိုအမြဲကြည့်ပါတယ် ထိတွေ့ပါတယ် နီစပ်မူရှိအောင် တသားထဲဖြစ်အောင် နေပါတယ် စည်းရုံးပါတယ် ပြန်လေ့လာကြည့်ကြပါ ----------
ဒေါ်အောင်ဆန်စုကြည်ကဲ့သို့ လူထုမျက်နှာကြည့်သော လူထုနှင့်ထိတွေ့ စည်းရုံး တသားထဲ တပေါင်ထဲ မရှိအတူတူ ရှိအတူတူ ခေါင်ဆောင်များ အထူးလိုအပ်လျှက် ရှိပါသည်
"ဒေါ်အောင်ဆန်းစုကြည် အရာရာဖြတ်ကျော် အောင်မြင်မည်ဟု ယုံကြည်ပါသည်"





Read More...

အမေရိကန် အိမ်မက်များ (American Dreams)

ကျွန်တော်သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ သို့ ၂၀၀၇-ဒီဇင်ဘာလ ၅-ရက် ထိုင်းဘုရင်မွေ့းနေ့ က ရောက်ရှိခဲ့ပါသည်၊ ၂၀၀၈-ဧပြီလ ၁၇-ရက် သင်းကြန်အပြီး မြန်မာနှစ်ဆန်းတရက်နေ့တွင် တတိယနိုင်ငံတခုခုသို့ သွားရောက်နေထိုင်ရန် အခွင့်အရေး ရရှိခဲ့ပါသည်၊ ၂၀၀၈ ဂျူလိုင်လတွင် အမေရိကန်နိုင်ငံမှ စတင်ခေါ်ယူခဲ့ရာ လျှောက်ထားခဲ့ပါသည် စက်တင်ဘာလတွင် အမေရိကန်နိုင်ငံမှ လက်ခံပါကြောင်း လက်ခံစာရရှီခဲံ့ပါသည် အောက်တိုဘာလတွင် ဆေးစစ်ပြီးစီးသော်လည်း ထိုင်းနိုင်ငံတွင် နီ ပြ ဝတ် နိုင်ငံရေးမတည်ငြိမ်မူကြောင့် ထိုင်းနိုင်ငံ
ံဖြတ်သန်းခွင့်မရသဖြင့် ၂၀၀၈-ခုနှစ်တွင် မသွားဖြစ်ခဲ့ပါ ။
၂၀၀၉-ဇွန်လမှ ထိုင်းနိုင်ငံဖြတ်သန်ခွင့် ရရှိသဖြင့် အမေရိကန်နိုင်ငံသို့ ထွက်ခွာခွင့် ရရှိခဲ့ပါသည်။
သွားရသည့် အကြောင်းအရင်းကိုတော့ ဆင်ခြေဆင်လက်မပေးလိုတော့ပါ၊ လူဘဝရောက်ခဲ့ရာမှာ၊အကောင်းဆုံးအရာတွေရခဲ့သလို၊ အကောင်းဆုံးအလုပ်တွေလုပ်ခဲ့ရတယ် ဘဝကိုတန်သည်လိုယုံကြည်ပါတယ်၊ ယခု USA ကိုမမျှော်လင့်ဘဲရောက်ခဲ့တာက၊ ဘဝရဲ့ အပို ဆုကြေး တခုလို့ ခံယူပါတယ်၊ တနေ့နေ့တချိန်ချိန်မှာ မြန်မာပြည်ကို ပြန်လည်အကြိုးပြုနိုင်မည်ဟု ယုံကြည်ပါသည်၊ ယနေ့ အနီးစပ်ဆုံး တရုတ်နိုင်ငံ ဗီယက်နမ်နိုင်ငံ ကန္ဘောဒီးယားနိုင်ငံ မှစ၍ အဆုံး ကုန်းတွင်းနိုင်ငံဖြစ်သည့် လော(လာအို)နိုင်ငံတို့သည် လမ်ပန်အဆက် အသွယ် တိုက် တာအဆောက်အဦး စားဝတ်နေရေး ဖွင့်ဖြိုးပြီး တိုင်းပြည်တိုးတက်၍ မြန်မာပြည်ထက် သာသွားသည်မှာ တချိန်က ထိုနိုင်ငံများမှ ထွက်သွာသောနိုင်ငံသားများ၏ ဓနငွေကြေး နည်းပညာ အတတ်ပညာ များဖြင့်ပြန်လည် ဝင်ရောက်လုပ်ကိုင် အကြိုးပြုဆောင်ရွက် မူ့လည်းပါဝင်ပါသည်။
မဲဆောက်ပုံပြင်များ ကိုလည်ဆက်လက်ရေးသာသွားပါမည်၊ အမေရီကန်အိမ်မက်များ ကိုလည်းစတင် သွားရောက်သည့် နေ့မှစ၍ အတွေအကြုံ အားလုံးကို ဗဟုသုတ အကောင်းအဆိုး လေ့လာနိုင်ရန် အားထုတ်သွားမည် ဖြစ်ပါသည်၊ အဓီကရည်ရွယ်ချက်က မြန်မာများအားလုံး နေရာအားလုံးမှာ အောင်မြင်မူ့ရ စေချင်သည့် ရည်ရွယ်ချက်သာရှိပါသည်။
ပြု့ပြင်သင့်တာကို ပြု့ပြင်၊ ယူသင့်တာကိုယ မြန်မာပြည်ကြီး တင့်တယ်ဖို့ သာယာဝပြောဖို့ သာ အဓိက ဖြစ်ပါသည်။

Read More...

Saturday, June 6, 2009

ဘုရားထီးတင်ပွဲ မဲဆောက်ပုံပြင်များ(၂ )

ထိုင်းနိုင်ငံအတွင်း မဲဆောက်မြို့ မှ မိုင် ၂၀ ခန့်အကွာမှာ ဖါဒေ့ အမည်ပေးထားတဲ့ ကရင်ရွာကြီးတရွာရှိပါတယ် သူတိုဟာ လွန်ခဲ့တဲ့နှစ် ၄၀-ခန့်က မြန်မာနိုင်င်္ငအတွင်းမှ ပြည်တွင်းစစ်ကြောင့် လာရောက်နေထိုင်ကြရသော ကရင်လူမျိုး မြန်မာနိုင်ငံသား စစ်စစ်များဖြစ်ကြပါတယ်၊ ခုအချိန်မှာတော့ ဦးစွာပထမ လာရောက်အခြေချ နေထိုင်သော မျိုဆက်များ တဦးစ ၂-ဦးစ ဘဲရှိပါတော့တယ်၊ ထိုင်နိုင်ငံသာ အသိအမှတ်ပြုလက်မှတ်ရ ဒုတိယ မျိုဆက်များသာရှိပါသည်၊ ဖါဒေ့ ဆိုတာ အဖေ့ဘက်ကလို့ ကရင်လိုပြောတာပါ ကရင်ပြည်နယ်ဘက်က ကရင် များကိုဆိုကြောင်း သိရပါတယ် မွန်ဒေ့ ဆိုတာ အမေ့ဘက်ကလို့ ကရင်လိုပြောတာပါ မြစ်ဝကျွန်းပေါ်က ကရင် များကိုဆိုကြောင်း သိရပါတယ်။
အရှင်ဦးကောဝိဒ ဆရာတော်ဟာ ရန်ကုန်မြို့  လမ်းမတော်မြို့ နယ်ကဖြစ်ပြီး အမေကရင် ဖေဗမာ ဗိုလ်တထောင် ခရစ်လမ်းရှိ ခရိယန်အထက်တန်းကျောင်းတွင် ငယ်စဉ်ကနေခဲ့ပါတယ်၊ အဆိုတော်နွဲယဉ်ဝင်း နှင့်တကျောင်းထဲဖြစ်သည်၊ ဘွဲ့ရပြီး နိုင်ငံခြးသံရုံး တရုံးမှာ အင်္ဂလိပ်စာဘာသာပြန် အရာရှိလုပ်ခဲ့၍ အမေအိုကြီးကို ဘဝတပါးပြောင်းသည်အထိ လုပ်ကျွေသမူ့ ပြုခဲ့ပြီးမှ ရဟန်ဘောင်သို့ ကူးခဲ့ပါသည်၊ ဦကောဝိဒ ဆရာတော်သည် ထိုင်းဘာသာစကားကို ရဟန်ဘဝဖြင့် ဘန်ကောက်တွင်လေလာ သင်ယူခဲ့ပြီး ယခုအခါ မြဝတီမြို့ တဖက်ကမ်း ထိုင်နိုင်ငံ Tak- ခရိုင် သံဃာဥက္ကဌ သက်တော် ၇၇-ရှိ ဝပ်မနီ ဘုန်းတော်ကြီးကျောင်ဆရာတော်၏ P.A အဖြစ် လက်ကတုံးတောင်ဝှေ လုပ်ဆောင်ပေးနေရ့ပါသည်၊ အလွန်ဂုဏ်ယူစရာကောင်းပါသည်၊ ဦကောဝိဒ ဆရာတော်ပြောပြတာက ဖါဒေ့ ဆိုတဲ့အမည်သည် ထိုင်ဘုရင် သမီးတော်သီရိဒုံ၏ အမည်ဖြစ်ကြောင်းသိရပါသည် ဖါဒေ့ ထိုင်စကားအရ သကြားမင်းကဲသို့ တန်ခိုးရှိသူ ဟုဆိုသည် ဖါဒေ့ရွာအမည်ဟာ သီရိဒုံ၏အမည်ဖြင့် မည့်ခေါ်ထားတာပို၍ ဖြစ်နိုင်ပါသည် ။
ဖါဒေ့ရွာ ဘုရားထီးတင်ပွဲသည် ၂၀၀၉ ခုနှစ်မေလ ၁၇-ရက်နေ့နံနက် တွင်ဖြစ်ပါသည်၊ ဖါဒေ့ရွာဘုန်တော်ကြီးကျောင်း ဆရာတော်ဦးဝိမလ (မုတ္တမ) ဦးစီးပြီးဘုရား ထီးတင်ခြင်းဖြစ်ပါသည်၊ မေလ ၁၆-ရက်နေ့တနာရီတွင် ဆရာတော်ဦးဝိမလ ဦဆောင်၍ ဟိုင်လတ်ကားလေးစီး၊ ကုန်တင်ကာကြီးတစီးဖြင့် သာသနအလံလွင့်ထူကာ မဲဆောက်မြို့  ထုံထောင်ရပ်ကွက်ရှိ ရန်မကင်းအမည်ရ စက်ချုပ်အလုပ်ရုံမှ အမျိုသား လုပ်သာများက ပုဆိုးဆင်တူ အင်းကျီအဖြူ အမျိုးသမီးလုပ်သာများက ယောဂိထမိန် အင်းကျီအဖြူ ယောဂိတဘက် အလှူခံငွေဖလား များကိုင်ကာအလှူခံ၍ မဲဆောက်မြို့ အတွင်း နှင့် မဲဆောက်မြို့ ပြင်ရှိ စက်ရုံ အလုပ်ရုံများတွင် ပေးထားသော ဘုရားစေတီကြီး စေတီရံများ၏ထီးတော်များ ကောက်ခံရရှိသော အလှူငွေများကို လိုက်လံသိမ်းဆည်း၍ လမ်တွင်အလှူခံကာ ဖါဒေ့ရွာသို့ ပြန်ခဲ့ပါသည်၊ တချို့ စက်ရုံများသည် လုပ်သားမျာကိုလုံဝ အပြင်ထွက်ခွင့် မပေးကြပါ နောက်နေ့ဘုရားထီးတင်ပွဲသို့လည်း မလာရောက်နိုင်ကြပါ၊ ဖါဒေ့ရွာဘုန်ကြီးကျောင်သို့ ညနေ ၅-နာရီကျော်ခန့်ပြန်ရောက်ကြပါသည်။
ဖါဒေ့ရွာသွားလမ်းမှာ မဲဆောက်မြို့  အစိုးရဆေးရုံကြီး ရှေ့ လမ်းအတိုင်း ကပ္ဘိဘန်းရွာ၊
ဆက်သွားလျှင်အဝေပြေးလမ်းမကြီးရောက်ပါမည်၊ ဘယ်ဘက်ချိုး၍ နာရီဝက်ကျော်ကျော်သွားပါက ကားလမ်းတဘက်ခြမ်း ဘယ်ဘက်ခြမ်းတွင် ဖါဒေ့ရွာသို့ဝင်သော ကွန်ကရစ်လမ်းကိုတွေ့ရပါမည် ရွာအဆုံးအထိ ကွန်ကရစ်လမ်းခင်းပေးထားပါသည်၊ ရှေဆက်၍ ကားကို မြေလမ်းအတိုင်းသွားပါ မြေလမ်းဆုံးလျှင် ဖါဒေ့ဘုန်ကြီးကျောင်သို့ ရောက်ပါသည်။ ဘုန်ကြီးကျောင်သည် ပေ ၃၀၀-ပါတ်လည် မြေပြန်ရှိသော တောင်ပြန့်တခုပေါ်တွင် တောသစ်ဖြင့် ၂-ထပ် ဆောက်လုပ်ထားပါသည်၊ တောင်ပြန့်တောင်ဘေးတွင် လုံးပါတ်သေးသော တန်ဘိုးမရှိသည့် တောသစ်များ ပေါက်ရောက်လျှက်ရှိပြီး တောထူထပ်ခြင်းမရှိပါ ရေကိုပို၍မြင့်သောတောင်ပေါ်မှ ပိုက်ဖြင့်သွယ်ယူထားသည် စေတီသည် ဘုန်ကြီးကျောင်းအဆောက်အဦး၏အဆုံး ရှေမြေကွက်လပ်ရှိ တောင်မြေကွက်လပ်အဆုံးတွင် တည်ထားပါသည်၊ ကျောင်းနှင့်စေတီခြားတွင် မြေကွက်လပ် ၃၀-ပေကျော်ခန့်၊ တခြာဖက်တွင် ၁၀-ပေခန့် ရှိမည်ထင်ပါသည် ထိုင်နိုင်ငံပုံစေတီဖြစ်ပါသည်၊ စေတီသည်သုံးဆင့်ရှိပြီး ပထမအဆင့်တွင်ထီးတော်ကြီး ဒုတိယဆင့်တွင် စေတီရံများ ၇-ဆူ တတိယဆင့်တွင်စေတီရံ ၉-ဆူ ရှိပါသည် နောက်ဘုရားရင်ပြင်ဖြစ်ပြီး တတိယဆင့်တွင် အရပ်လေးမျက်နှာ၌ ကျောင်ဆောင်လေးများနှင် ဘုရားရုပ်ထု လေးဆူထာပါသည်။ သံဃာအချို့ ကျောင်ဆောင်ပေါ်တွင်နေပြီး ဆရာတော်ဦးဝိမလ (မုတ္တမ)သည် ရှေဘက်ကပ်လျှက်ရှိ သီးခြာတောင်တွင် အိပ်ဆောင်ဆောက်လျှက် သီတင်းသုံးပါသည်။
ညနေ ၆-နာရီမှစ၍ မြို့ ပေါ် ရွာရှိ ဆရာတော်တပည့်များ စက်ရုံအလုပ်ရုံများရှိ အလုပ်သမားလူငယ်လူရွယ်များ ရေမီးရရှိရေး ချက်ရေး ပြုတ်ရေး အခန်းအနားပြင်ဆင်ရေး သန့်ရှင်ရေးတို့ကို ဝိုင်ဝန်းလုပ်ဆောင် ကြပါသည်၊ အလွန်လူညီပါသည် သားငါးများ ကိုခုတ်သူခုတ် ချက်သူချက် ထမင်းပေါင်းသူပေါင်း ဒေါင့်စေ့အောင်လုပ်ဆောင်ကြပါသည်၊ ရန်မကင်စက်ချုပ် စက်ရုံနှင် အခြားစက်ရုံများမှ အမျီုးသမီး ဓမ္မစက်ကြာအသင်းသူများကလည်း အသံချဲ့ စက်ဖြင့် ဓမ္မစက်ကြာ တရားတော်မျာကို ရွတ်ဆိုကြပါသည်၊ စည်လုံးညီညာစွာ လုပ်ဆောင်ကြသည်ကို တွေရပါသည်၊ ဒီအချိန်မှာ မြန်မာများ၏ အမူအကျင့် ဓလေ့စရိုက်အတိုင်း အပူအပင် သောက ဖိနိပ်မူ ချု့ပ်ချယ်မူ မတရာခိုင်စေမူ အာလုံး မှကင်းဝေးနေသည့်ပုံ အာနှင့်မာန်နှင့် လုပ်ဆောင်နေကြပါသည် ပီတိဖြစ်စရာအလွန်ကောင်ပါသည်၊ မြန်မာလူမျီုးတို့၏ ဂုဏ်ပုဒ်တခုကို ပြနေသည်နှင့်တူပါသည်၊ လေးစားစရာ အလွန်ကောင်ပါသည်၊ အမှန်ကတော့ အားလုံးဟာ ဒုက္ခမျီုးစုံ ခက်ခက်ခဲခဲ မတရား ဖိနိပ်မူ ခိုင်းစေမူများအောက်မှာ နေကြရတာပါ။
နောက်တခုက မြန်မာဒိုးဘတ်အဖွဲ့ပါ ရန်မကင်းစက်ချုပ်ရုံ လုပ်သားမျာ၏ ဒိုးဘတ်အဖွဲ့ဟာ အလွန်မြိုင်ပါတယ် ခောတ်ဟောင်းခောတ်သစ် သီချင်းများကိုသီးဆို၍ အမျီုးသမီချောချောသူက ထိုင်မသိမ်းအင်းကျီ ထမိန်ဆင် ဝတ်၍ တယောက်က ဦရွှေးရိုးပုံစံချယ်သပြီး ပုဆိုးတောင်ရှည် ပုသိမ်ထီးဆောင်းပြီး ဦးရွှေးရိုကအပြင် အကမျိုးစုံ ကလျှက် မြို့ တွင်းမြို့ ပြင် ဈေးစက်ရုံအလုပ်ရုံမျာသို့ အလှူခံစဉ် ထီးတော်မျာသွာရောက်ယူစဉ်ကစ၍ ဒိုးဘတ်သံ ညံမစဲ ရှိခဲ့ပါသည်၊ မြန်မာဒိုးဘတ်သံ အိုးစည်သံများဟာ ဘာသာရေးအလှူပွဲများ လူမူရေးအခန်းအနားများ၏ ဖွင့်ပွဲလှည့်လည်ပွဲမျာမှာ အမြဲပါရှိတဲ့ မြန်မာယဉ်ကျေးမူ့ ဖြစ်ပါတယ်၊ မြန်မာတို့ရဲ့ စည်လုံးမူ့ တက်ကြွမူ့ ယဉ်ကျေးသိမ်မွေ့စွာ ပျော်ရွှင်ကြတယ်ဆိုတဲ့ ပြရုပ်ရိုးရာယဉ်ကျေးမူ့ မြန်မာတို့နဲ့ ခွဲခြားမရ ခိုင်မြဲတဲ့ မြန်မာပိသ ကြောင်းပြနိုင်တဲ့ မြန်မာယဉ်ကျေးမူ့ စစ်စစ်ဖြစ်ပါသည်၊ အိုးစည်သံ ဒိုးဘတ်သံ များသည် "တမူးရလို့ တပဲလှူ ဒို့ ရှမ်းတောင်သူ တူနိုင်ရိုးလာ" ဆိုသည့် မြန်မာတို့၏ စိတ်နေသဘောထားကို ဖေါ်ပြနေသော ပီတိဖြစ်စရာ ပဲ့တင်သံများဖြစ်ပါသည်။
ဘုရားထီးတင်ပွဲအတွက် မေလ ၁၆-ရက်နေ့ညက ဓမ္မစက်ကြာအဖွဲ့အပါအဝင် လာရောက်စုပေါင်းလုပ်ကိုင် ကူညီသူပေါင်း ၁၀၀-ကျော်ခန့်ရှိပါသည်၊ ပိုလျှံသော ဝက်ရိုးကြက်ရိုးမျာကို ဘူးသီးနှင့်ရော၍ ဝက်သပ်သပ် ကြက်သပ်သပ် ၂-အိုးခွဲ၍ချက်ပြီး ညစာထမင်းစားကြသည်၊ ကျွန်တော်လည်း ကျောင်းရှိဘုရာစဉ်ရှိဘု၇ားများ သန့်ရှင်းရေးလုပ်ခြင်း ဧည့်ခံမဏ္ဍပ်တွင် အလှအပပြင်ဆင်ပေးခြင်းများ ကူညီလုပ်ဆောင်ပေး၍ ညတနာရီတွင် အနာယူအိပ်ရန် ကျောင်းပေါ်ထပ်တက်ခဲ့ပါသည် ကျွန်တော်အိပ်မည့်ဘေးတွင် အသက် ၄၀-ခန့် မြန်မာ အမျီုးသာတယောက် အိပ်ရန်ရောက်ရှိနေပါသည် ထိုသူနှင့်တနာရီလောက် စကားပြောဖြစ်ပါသည်၊ ထိုင်နိုင်ငံ ရောက်ရှိနေသည်မှာ ၁၀-နှစ်ခန့်ရှိပြီး ထိုင်းလူမျီုး လယ်ယာပိုင်ရှင်၏ လယ်တောတွင် အိမ်ဆောက် နေထိုင်၍ ပိုင်ရှင်၏လယ်ယာများတွင် ပဲ၊ပြောင်းဖူး၊ကြံ များစိုက်ရကြောင်း တလတွင် ၁၅-ရက် ၂၀-ရက်ခန့် တနေ့ ဘတ် ၈၀-ဖြင့်လုပ်ရပြီး ပိုင်ရှင်ထံမှ နားရက်များတွင် အခြားလယ်ယာမျာသို့ တနေ့ဘတ် ၁၀၀-ဖြင့်လိုက်လုပ်ရပြီး တနှစ် ၃-လအလုပ်မရှိကြောင်း လယ်ယာလုပ်သား၂၀-ခန်ကိုလည်း လယ်ယာများမှာ လိုအပ်လျှင်ခေါ်ယူနိုင်ရန် စုစည်းထားရကြောင်းသိရပါသည်၊ အစားအသောက် ခောတ်မှိအဝတ်အထည်များ အလွယ်တကူ ဝယ်ယူရရှိနိုင်မူ့ ပြိုင်ဆိုင်မူ့ အပေါင်းအသင်းများနှင်အပြန်အလှန် သောက်စား ကျွေမွေးပျော်ပါး တတ်ကြသည့်အတွက် ငွေကြေးမစုမိ ဖြစ်ကြရကြောင်း သိရပါသည်၊ မိသာစုလိုက် လယ်ယာလာရောက် လုပ်ကိုင်ကြသူများကို မေးမြန်သည့်အခါလည် တနှစ်တခါ အလုပ်ချိန်နားလို့ မြန်မာပြည်ပြန်လျှင် ကျပ် ၃-သိန်း ၄-သိန်းလောက်သာ ပါရှိကြောင်းသိရပါသည်၊ သူတို့သည် အလုပ်လုပ်နေစဉ်အတွင်း ရသည့်လုပ်အားခဖြင့် လူလိုသူလို ဝဝလင်လင် လူတန်းစေ့ ကျမ္မာရေးနှင်ညီစွာ စာသောက်နေထိုင် သွားခဲ့ကြရသည်ဟု ယုံကြည်ပါသည်၊ ဖိနိပ်မူ မတရာခိုင်းစေမူ့ ရှိတာခြင်းတူသည်ထားအုံး ပြည်တွင်မှာ ထိုသို့မနေနိုင်ပါ၊ ကျွန်တော်လည်းမနက် ၅-နာရီတွင် အိပ်ရာမှထ၍ ရေးမိုးချိုး အဝတ်အစားလဲကာ ၂၀၀၉ ခုနှစ်မေလ ၁၇-ရက် နေ့တွင် ဖာဒေ့ရွာ ဖာဒေ့ဘုန်ကြီးကျောင်ဝန်ရှိ သုဇိတံ ဘွဲအမည်း ပေးထားသော စေတီ၏ ဘုရားထီးတင်ပွဲ တွင်ပါဝင်ကူညီလုပ်ဆောင်ပေနိုင်ရန် အသင့်ပြင်ဆင်ထားပါသည်။
ထီးတင်ပွဲအကြောင်း မပြောခင် ထိုင်းနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး လမ်ပန်းဆက်သွယ်ရေးကို အရင်ပြောရမည် ဖြစ်ပါသည် လယ်ယာစိုက်ပျိုရေးဖြစ်သည့် အစိန်းရောင်တော်လှန်ရေးကို ထိုင်နိုင်ငံဟာ ၁၉၇၀-ခုနှစ်မှစ၍ အမေရီကနှ်နိုင်ငံ၏ နည်းပညာ ငွေကြေး အကူအညီဖြင့် မွေုးမြူရေးပါတွဲဖက် စတင်၍ စီမံကိန်းချကာ လုပ်ဆောင်ခဲ့ပါသည်၊ အောင်မြင်မူ့ရခဲ့သဖြင့် ဆန်တင်ပို့မူ့အများဆုံးနိုင်ငံအဖြစ် ကမ္ဘာတွင် ပထမရခဲ့ပြီး အခြာသီနှံများနှင့် မွေးမြူရေး သာငါးများကိုလည် တင်ပိုနိုင်ပြီး ထိုင်းပြည်သူများလည်း ဝဝလင်လင် ကျမ္မာရေးနှင့်ညီစွာ စားသောက်နိုင်ခဲ့ကြသည်၊ လမ်းပန်ဆက်သွယ်ရေးတွင် ၁၉၉၀-ခုနှစ်မှစ၍ အဝေးပြေးလမ်းမကြီးများ တံတားများ ကျေးရွာအရောက် ကတ္တရာ ကွန်ကရစ် လမ်မျာဖေါက်လုပ် ခဲ့ပါသည်၊ ကျေးရွာအရောက် လျှပ်စစ်မီးရပြီး တအိမ်လျှင်နေရောင်ခြည်သုံး လျှပ်စစ်ထုတ် ဆိုလာပြားတချပ်စိ တီဗွိကြည့်ရန် ဖုန်းအာသွင်းရန် ပေးပါသည်။
လယ်ယာမြေရှိလျှင် ရေရှိရမည်ဟု ကြွေးကျော်၍ ယခုအခါ လယ်ယါများတွင် လည်နေသောရေပန်း ချထာနိုင်သည်အထိ တိုးတက်ခဲ့ပြီဖြစ်ပါသည်၊ ကျွန်တော် ပြောင်ဖူးနှင့်မတ်ပဲ စိုက်ပျိုးနေသော လယ်ယာမျာသို့ ရောက်ရှိခဲ့စဉ် လယ်ယာ၏အလယ်တွင် ရေပန်းချ၍ ရေဖြန်းထားသည်ကို တွေ့ရပါသည် မြို့ တော်နှင့်ဝေးလံသော တောတောင်ဒေသ အခေါင်အဖျား နယ်စပ်ရှိကျေးရွာများ တွင်ဖြစ်ပါသည် နယ်စပ်မြိုဖြစ်သည့် မဲဆောက်မြို့တွင် ရေနုတ်မြောင်များကို ကွန်ကရစ်ဖြင့် အကျယ် ၁၀-ပေ၊အနက် ၁၅ပေခန့် ပြုလုပ်ထာပါသည်၊ အလွန်အားကျစရာကောင်းပါသည်၊ ပြည်သူမျာမျက်နှာကြည့်၍ အတုယူသင့်ပါသည်။
မေလ-၁၇ ရက်နေ့နံနက် ၆း၃၀ တွင် သံဃာတော်များအား မုန့်ဟင်းခါးဆွမ် ဆက်ကပ်လှူဒါန်းကြပါသည် မနက် ၉-နာရီအထိ လာရောက်သူအားလုံးကို မုန့်ဟင်းခါးဖြင့် ဧည့်ခံပါသည်၊ နံနက် ၉း၃၀ မှစ၍လာရောက်သူအားလုံး ကြက်သာဟင်း ဝက်သားဟင် သရက်ချင်သုတ် တို့ဖြင့်ဧည့်ခံကျွေးမွေးပြီး ဘုရားထီတင်ပွဲကိုလည် နံနက် ၉း၃၀-နာရီတွင်စတင်ပါသည် ထီးတော်ကိုတင်ရန် စက်သီးကြိုးတပ်ဆင်ထားပြီး ပန်းရထာဖြင့်တင်မည်ဖြစ်သည်၊

မဲဆောက်မြီုပေါ်မှ ဖိတ်ကြားထာသူများ ကျေးရွာမျာ စက်ရုံအလုပ်ရုံ ဆောက်လုပ်ရေး စတိုးဆိုင်ဈေးဆိုင် လယ်ယာများမှ အလုပ်သမားများ စုစုပေါင်း ၁၀၀၀-ကျော်လာရောက်ကြပါသည် ကျောင်းဝင်းအတွင်း လူအများစည်ကားစွာဖြင့် ၉း၃၀-နာရီတွင် ဘုရားထီးတင်ပွဲ စတင်ပါသည် စေတီ၏ငြမ်းဆင်ထားသော ငှက်ပျောဖူးပေါ်သို့ ဆရာတော်တပါး နှင်အတူ စက်ရုံလုပ်သား ၇-ယောက်ခန့် တက်ရောက်နေရာယူကြပါသည်၊ ပန်းရထားစတင်ထွက်ရှိမည့် နေရာတွင် ဆရာတော်ဦဝိမလ ပန်းရထားပေါ်သို့ စေတီကြီ၏ထီးတော်အဆင့်ဆင့်နှင့် စိန်ဖူးတော်ကိုတင်ရန် အသင့်နေရာ ယူထားပါသည်၊ စက်သီးကြိုးဆွဲရန် အမျိုးသမီးအမျီုးသား ၅၀-ခန့် ကြိုးကိုကိုင်ထားကြပါသည် စေတီကြီး၏ ထီးတော်အဆင့်ဆင့်ကို တခုပြီးတခု ပန်းရထားပေါ်တင်၍ စက်သီးကြိုးဆွဲကာတင်ကြပါသည် နောက်ဆုံး စိန်ဖူးတော်ကိုတင်ပါသည် ပြီလျှင်အိုးစည်ဗုံ၊ကျေစည်ထု၍ ငွေ ရွေ ပေါက်ပေါက် ချိုချင်များကြဲချပါသည်။
စေတီရန်များ ထီးတင်ခြင်း တတိယဆင့်ရှိ အရပ်လေးမျက်နှာတွင် ကျောက်ဆင်းတုဘုရားလေးဆူ တဆူစီ ထားရှီဲခြင်များပြုလုပ်၍ သာဓုမောဓန သုံးကြိမ်ခေါ်ကာ ဘုရားထီတင်ခြင်း အောင်မြင်စွာပြီးခဲ့ပါသည်။
လာရောက်ကြသော ဖါဒေ့ရွာနှင့်အနီအနားရွာများမှ ကရင်လူမျီုးများသည် ကရင်ရိုးရာ ချပ်ခုတ်အဖြူ ဝါကျင့်ကျင့် အရောင်အင်းကျီများ ဝတ်ဆင်ထားသည်ကို တွေ့ရပါသည် တောင်ပေါ်ကရင်များဟု သိရပါသည်၊
ဖါဒေ့ရွာအနီးအနာရွာများတွင် မြန်မာပြည်မှ ဝင်ရောက်လာသော ရှမ်း ပအို့ မျာလည်ရှိပြီး ထိုင်နိုင်ငံမှ မြှောင် ဟုခေါ်သည့် လီရှော(လီစူး) နှင့်တူသည့် လူမျိုးများလည်း နေထိုင်ကြောင်းပါသည်၊ ရွာသူရွာသား ရှမ်း ကရင် ပအို့ လီရှော တို့သည်ဆရာတော်ထံ စါအိတ်ကိုယ်စီဖြင့် အလှူငွေများ လှူဒါန်းနေသည်ကို တွေ့ရပါသည်၊ အလွန်ပီတိ ဖြစ်စရာကောင်ပါသည် အိုစီဗုံပေါင်းတညံညံဖြင့် မြန်မာလူမျိုတို့၏ အသွင်စရိုက်လက္ခဏာ ပေါင်းစည်းမူ ဘာသာရေရုံကြည်မူ စုပေါင်းဆောင်ရွက်တတ်မူ အေးချမ်းပျော်ရွှုင်တတ်မူ ကိုပြဆိုနေပါသည်။
၁၁-နာရီခန့်တွင် ထီးတင်ပြီစီး၍ ကြွရောက်လာသောသံဃာတော်မျာကို ဆွမ်းဟင်မျာဆက်ကပ်လှူဒါန် ဖုန်ပေး စေပါသည် ကြွရောက်လာသူများသည်လည်း ထမင်းသုံးဆောင်ကြပါသည်။
နေ့လည် တနာရီတွင်ကြွရောက်လာသော သံဃာတော်များအား ငွေ ပစ္စည်များ ဆက်ကပ်လှူဒါန်ပြီး ဆရာတော်ဦး------------- ၏တရာပွဲကိုစတင်ကျင်းပပါသည် ကြွရောက်သူအများ တရားနာယူ ကြပါသည် တရားပွဲ နေ့လည် ၃-နာရီတွင်ပြီးပါသည် ပစ္စည်များ ဝိုင်းဝန်းသိမ်းဆည်၍ သန့်ရှင်းရေးများပြု့လုပ်ခါ ညနေ ၅-နာရီတွင် မိမိတို့နေရာအသီးသီးသို့ ပြန်ကြပါသည်၊ ကျွန်တော်လည်း မဲဆောက်မြိုရှိမိမိနေရာအခန်းသို့ ညနေ ၆-နာရီခန့်တွင် ပြန်လည်ရောက်ရှီခဲ့ပါသည်။
မဲဆောက်မြီု့ မှ ၄-မိုင်ခန့်အကွာ မယ်ပ ၁-ရပ်ကွက်တွင်လည်း ဝပ်မုနိန်ကျောင်းဝန်အတွင်း ရွေတိဂုဏ်စေတီ ပုံတူ ဥာဏ်တော်ပေ ၅၀-ရှိ မေတ္တာရွေပြည်အေးလိုတရစေတီတော် တည်ထားကိုးကွယ်ရန် မြန်မာလူမျိုး ထိုင်းလူမျိုးများ ပူပေါင်၍ မြန်မာဆရာတော် ဦးစီးပြီး အလှူငွေကောက်ခံလျှက် ယခုနှစ် သတင်ကျွတ် တဆောင်မုန်း လအတွင်းထီးတော် တင်နိုင်ရန် ဝိုင်းဝန်းကြိုးစား လုပ်ဆောင်လျှက်ရှိပါသည်။
ထိုသို့သော မြန်မာလူမျိုးများ သိန်း သန်း လာရောက်လုပ်ကိုင်လျှက်ရှိသည့် ထိုင်းနိုင်ငံတွင်၊

" ယနေပြည်သူပြည်သားများသည် ယုံကြည်စိတ်ချရသော ထိတွေ့ စည်ရုံးနိုင်စွမ်းရှိသော ခေါင်ဆောင်များ ရှာဖွေလျှက် ထိုသို့သောခေါင်ဆောင်နောက်သို့ သေသေကြေကြေ လိုက်ရန်အဆင်သင့်ရှိပါသည် "

Read More...

Blog Widget by LinkWithin