ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Monday, September 30, 2013

ပဲခူးရိုမ အလှူပွဲ.....ဓါတ်ပုံ Dr Aye Chan

ပဲခူးရိုမ..... အလှူပွဲ

ဓါတ်ပုံ Dr Aye Chan

Read More...

Thursday, September 26, 2013

ကျော်သူ တို့ သားအဖ စစ်အစိုးရလက်ထက်မှာ ရုပ်ရှင်ကောင်စီမှာ လုပ်ခဲ့သည်မှတ်တမ်းပါ ကိုဇာဂနာ ရေးထာတာပါ.....ထောက်လှမ်းရေးခင်ညွန့် ပြုတ်ပြီးမှပြုတ်ထာပါ။

.၁၉၈၈ ကနေ ၂၀၁၃ ထိ ငွေရတာ တိုင်အောင်ပျက်လာတဲ့ ရုပ်ရှင်လောက ဟာ စစ်အစိုးရကြောင့်ဆိုတာခုထိ မပြောရသေးကြပါကလား။အဲဒါနံပါတ်(၁)အဖြေ။၁၉၈၈ ကနေ ၂၀၁၃ ထိ ငွေရတာ တိုင်အောင်ပျက်လာတဲ့ ရုပ်ရှင်လောက ဟာ စစ်အစိုးရကြောင့်ဆိုတာခုထိ မပြောရသေးကြပါကလား။အဲဒါနံပါတ်(၁)အဖြေ။ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပါလားဆိုတဲ့ shit brain နဲ့  အဖြေထုတ်ပေးခဲ့တဲ့ သွားလေသူ ဦးခင်ညွန့်ကောင်းမှုကြောင့် ဘယ်နိုင်ငံမှာမှ မရှိတဲ့ videoရုပ်ရှင်ဆိုတာမြန်မာပြည်မှာပေါ်လာတာလေ။ဗီဒီယို မှာ ဒီ မင်းသား မင်းသမီးတွေပဲ တွေ့နေရတော့ ဘယ်သူက တကူးတက ရုံမှာ ရုပ်ရှင်လာကြည့်တော့မှာလဲ။တစ်ခါ န၀တ၊နအဖ အစိုးရက ရုပ်ရှင်ရုံတွေကို သူတို့နဲ့  အလွမ်းသင့်တဲ့ လူတွေကို ရောင်းချင်တဲ့ဈေးနဲ့ ပေးပစ်လိုက်လို့ ရုပ်ရှင်ရုံတွေ မရှိတော့မှ ဘယ်လိုလုပ် ပရိသတ် က လာကြည့်တော့မှာလဲ။ကြည့်စမ်းပါ့ဗျာ။တော်ဝင် နဲ့  ယုဇန နှစ်ရုံက(ဦးပိုင် က ပိုင်တဲ့)central Hotel။ပပ၀င်းနဲ့ ဂုဏ်က Traders Hotel၊ရဲရင့် ရုံက(Sakura Tower)သီဟရုံက မြန်မာ့အလှတာဝါ။ဝိဇယ ရုံက ၀ိဇယ ပလာဇာ၊ဆန်းသီရိ က ကွန်ဒို၊တပင်ရွှေထီး က ဒဂုံစင်တာ(၂)။ကျန်သေးတယ် အများကြီးပဲ။တစ်ခါ ရုပ်ရှင်ရုံနေရာမှာ ဘာအဆောက်အအုံပဲဆောက်ဆောက် ရုပ်ရှင်ရုံ(၂)ရုံ ပါရမယ် ဆိုတာ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းရဲ့ စည်းမျဉ်းထဲမှာပါတယ်။ဦးအေး ဥက္ကဌ လုပ်တုန်းက ထုတ်ပြန်ထားတာ။ဒါပေမဲ့ ထ၇ိတ်ဒါး၊စင်ထရယ် က စလို့  နောက်ဆုံး ဒဂုံ စင်တာ(၂)အထိ ရုပ်ရှင်ရုံ ဘယ်နှရုံပါလဲ။ဒဂုံစင်တာ(၂)မှာ အပြောလါတ်အောင် တစ်ရုံပဲထဲ့ထားတယ်။ဒါပေမဲ့ 3Dရုံ။ဘယ် ဗမာကား 3D ရှိလဲ။ပြောလေ။ရုံမရှိပဲ ရုပ်ရှင်လော တိုးတက်ရေး အော်နေတာ မှန်ရဲ့လား။တစ်ခါ
ဘယ်လောက်ကောင်းအောင် ရိုက်ထားရိုက်ထားVCDအချပ်နဲ့  တစ်နိုင်ငံလုံး ဖြန့်ချိနေမှတော့ ဘာအရည်အသွေးတက်လာမှာလဲ။အခု DVD။Blu ray။ဒါတွေဟာ အရည်အသွေးဘယ်လောက်ရှိတယ် ဆိုတာ အိမ်တိုင်းDVDစက်ရှိတယ်။ထမင်းစားသူတိုင်းသိတယ်။ဒါကို ဖြန့်ချိရေးသမားတွေ ခုထိ VCDနဲ့  ဘာကြောင့်ဖြန့်နေသေးတာလဲ။ခင်ဗျားတို့ လှောင်ထားတဲ့ အချပ်တွေ ရေထဲ ပစ်ရမှာကြောက်လို့ မဟုတ်လား။ဒါကို ဇင်ဝိုင်းကြောင့် လူမင်းကြောင့် နဲ့  လက်ညှိုးမထိုးကြစမ်းပါနဲ့ ။ဒါက အဖြေ(၂)။သေချာတာတော့ Video ဆိုတာ လုံးဝ မရှိတော့မှ ရုပ်ရှင် တက်လာ မယ်။ပြန်ကြားရေး ၀န်ကြီးဌာန ရုပ်ရှင်လုပ်ငန်း ကလဲ သိရက်သား နဲ့ ရူးချင်ယောင်ဆောင်နေတာ။အူကြောင်ကြောင် နဲ့ ရုပ်ရှင်ကိုHD လာပြောမနေနဲ့ ။အဲဒါ TV အလုပ်။ရုပ်ရှင်နဲ့  ဘာမှ မဆိုင်ဖူး။ခု ကျော်ကျော်ဗိုလ် တို့ နေတိုး တို့ က RED CAMERA ၀ယ်Davinchi နဲ့  တည်းဖြတ်ဖို့  ကြိုးစားနေချိန်မှာ ထုတ်လုပ်သူတွေ ဘာဝယ်သလဲ။စတူဒီယိုတစ်ခု လုပ်သလာ/ိုံ့ိို့

Maung Thura

၂၀၀၄ ခုနှစ် မှာ ဦးခင်ညွန့် နဲ့  အပေါင်းပါတွေ အဖမ်းခံကြရ၊အဖြုတ်ခံကြရတော့ ကုန်သွယ်ရေး ဒု ၀န်ကြီးလုပ်နေတဲ့ ဦးကျော်ဆန်းကို ပြန်ကြားရေးဝန်ကြီးလုပ်ခိုင်းလိုက်ရော။ဒီမှာတင် မျက်လှည့်ပြတော့တာပဲ။မှတ်မှတ်ရရ ရုပ်ရှင်လောကသားတွေ မှတ်မိအုံးမှာပါ။သိမ်ဖြူလမ်းက ပြန်ကြားရေးအဆောက်အဦကြီးမှာ လောကသားအားလုံးနဲ့  ၀န်ကြိး နဲ့ မိတ်ဆက်ပွဲပေါ့။အမှန်ကတော့ ပြဇာတ်ပါ။ဒီပွဲမတိုင်ခင် ရုပ်ရှင်လုပ်ငန်းက ညွှန်မှူး ဦးသိန်းထွန်းအောင်တို့  နဲ့  ရုပ်ရှင်လောကသားတချို့  M3 စားသောက်ဆိုင်မှာ ချိန်းချိန်းတွေ့ပြီးလက်ရှိ ဦးစိန်တင် နဲ့ ကျော်သူ သားအဖကို အစည်းအရုံးက ဖြုတ်ချရေးကြိတ်ဝိုင်းတွေ အကြိမ်ကြိမ်လုပ်ခဲ့တာပေါ့။အိမ်ကြက်ချင်းအိုးမဲသုတ်ပေးတာ။ဒီတော့ ၀န်ကြီး ရှေ့လဲ ရောက်ရော(ဦးစိန်တင်၊ဦးမြင့်နိုင်၊ကျော်သူ)တို့ ကိုအစည်းအရုံးအား၁၂နှစ်လုံးလုံးအပိုင်သိမ်းခဲ့မှုနဲ့  စွဲချက်တွေတင်ခဲ့တာလေ။ဒီတုန်းက တဟေးဟေး တဟားဟား နဲ့ ရုပ်ရှင်လောကသားတွေ လက်ခုပ်လက်ဝါးတီးပြီးသဘောတွေကျခဲ့ကြတာ မေ့သွားကြပြီလား။အဘ ၀န်ကြီးကပဲ ခုချက်ချင်းရုပ်ရှင်လောကကို မိုးပေါ်ရောက်အောင်ပို့ ပေးမလို ပြောတာတွေကို သဘောတွေကျခဲ့ကြတာ မေ့သွားကြပြီလား။
 မှတ်မိပါတယ်။ဒီပွဲအပြီး ဦးအောင်လွင်၊ဦးကျော်ဟိန်း၊ဦးသန်းစိုး(ဟေမာန်ဦး)တို့ နဲ့ စကားပြောဖြစ်တော့ရုပ်ရှင်လောက ဒုက္ခရောက်ပြီ လို့  ကျနော်မှတ်ချက်ပေးခဲ့ပါတယ်။ပြောချင်တာက ရုပ်ရှင်လောကသားတွေ ရဲ့  ၀န်ကြီးအပေါ်မှီခိုချင်စိတ်၊ကိုယ့်အချင်းချင်းပြန်နင်းချင်စိတ်တွေ သိတ်များခဲ့တယ်။ဒါကလဲ စစ်အစိုးရရဲ့ဗျူဟာပေါ့။ဒီဖက်ခေတ်ရောက်ပြန်တော့ ဦးမြင့်သိန်းဖေလက်ထဲက အစည်းအရုံးကို ပြန်ယူဖို့  SS စားသောက်ဆိုင်မှာ ကြိတ်ဝိုင်းတွေလုပ်ပြီး တိုက်ခဲ့ကြတာပဲလေ။ဒါပေမဲ့ဒိတုန်းက လောကသားအများစု စုစည်းကြတယ်။မှတ်မိသေးတယ်။အစည်းအရုံးအပေါ်ထပ် မှာ ရုပ်ရှင်အရေးတက်ကြွသူများနဲ့  ဦးမြင့်သိန်းဖေ ခေါင်းဆောင်တဲ့  အမှုဆောင်အဖွဲ့ တွေ့ဆုံပွဲပေါ့။အဲသည်မှာကိုဇင်ဝိုင်း ကရုပ်ရှင်လောက တိုးတက်လာရေးဆွေးနွေးချိန်မှာ အနားက ဦးဝင်းကို(ဟိန်းဝေယံ ရဲ့ အဖေ)က လက်ကိုင်ဖုန်း နဲ့  စကားတွေ ပြောနေလို့ ကိုဇင်ဝိုင်းက သူ ဖုန်းပြောပြီးမှ ကျနော် တင်ပြပါ့မယ် လို့ ငေါ့ခဲ့တော့ ဦးမြင့်သိန်းဖေ က ဖုန်းပိတ်ထားဖို့ပြောရတယ်။ပြောချင်တာကEthicပဲ။ပြောမှသိတယ် ဆိုတာ လူကြီးလူကောင်းအလုပ်မဟုတ်ဖူး။ဒီအချိန်တုန်းက ဦးဝင်းကိုဟာ အစည်းအရုံးအမှုဆောင်ဆိုတာတော့ မမေ့သင့်ဖူး။ခုအစည်းအရုံးအသစ် သက်တန်း ၂နှစ်ပဲရှိသေးတယ်။အမှုဆောင်အဟောင်းတွေကသောင်းကျန်းကြပြန်တယ်။ဒါဆို လာမဲ့ လေးလ ပိုင်း ၂၀၁၄မှာရွေးကောက်ပွဲလုပ်လို့အဖွဲ့ အသစ်တက်လာရင်ကော ဒီလိုပဲ ကိုယ်နဲ့ မတူတာတွေ့ရင် သပိတ်မှောက်ကြ အဘ၀န်ကြီးတွေဆီသွားတိုင်ကြ လုပ်ကြဦးမှာလား။ဒီသံသရာ က လွတ်အုန်းမှာလား။ကိုယ့်အချင်းချင်းညှိကြ နှိုင်းကြပေါင်းလုပ်ကြဆိုတာမျိုးမရှိကြတော့ဖူးလား။တစ်ခါ အများပိုင်ကုမ္မဏီ ကိစ္စလဲ ရေးနေပြောနေကြပြန်ရော။နိုင်င့တော်က ထုတ်ပြန်ထားတဲ့စာတွေ ဥပဒေ တွေကို မဖတ်ပဲ စိတ်ထင်ရာလျောက်ပြောနေကြတာတွေ ဖတ်နေရတယ်။ကုမ္မဏီကြီးတော်တော်များများ ဘာလို့ အများပိုင်လုပ်နေကြတာလဲ။အများပိုင်ဖြစ်ခဲ့ရင် ရုပ်ရှင်လောက ဘာတွေ အားသာလာမလဲ။ဒါကို မစသ်းစား မဆင်ခြင်ပဲ အစည်းအရုံးကပေးတဲ့ဆန် ၃ ပြည်တောင် ရမှာ မဟုတ်တော့ဖူး။အများပိုင်ဆိုတာနဲ့  လူတစ်စုလက်ထဲ ရုပ်ရှင်လောကကြီးထိုးအပ်လိုက်ရတော့မယ် ဆိုတဲ့ တော၇မ်းမယ်ဖွဲ့ တွေ စာမျက်နှာပေါ်တက်ပြောလိုပြော။ရူးလိုက်ကြတာ။
 ဗိုလ်ချုပ်စကားငှားပြောရရင် အကျင့်ဆိုးတွေ အကျင့်ဟောင်းတွေ စောက်ကျင့်တွေ ပြင်ကြဖို့လိုပြီ။

Maung Thura မြန်မာပြည်က ၀န်ကြီးတွေ လူပြက်စကားတော်တော် ပြောတယ် ဆိုတဲ့  စာ တစ်ကြောင်းကို ဖေ့စ်ဘွတ်(ခ်)မှာဖတ်လိုက်ရတော့ အော် လုပ်ပြန်ပါပြီ၊လူတန်းစားခွဲခြားမှု လို့ ရေရွတ်လိုက်ရပါတယ်။အင်္ဂလိပ် ကျွန်ဘ၀တုန်းက အင်္ဂလိပ်ကို တော်လှန်ဖို့  စင်ပေါ်ကနေ ပြောခဲ့တာ လူပြက်ပါ၊ဦးချစ်ဖွယ်တဲ့။ဝံသာနုကြီးလို့ တောင်ခေါ်ပါတယ်။ပြက်လုံးပြက်လို့ ထောင်ကျခံရတာ လူပြက်တွေပါ။ဘယ်ရုပ်ရှင်မင်းသား ဘယ်အဆိုတော် မှ ထောင်အကျခံပြီး တိုင်းပြည်အတွက် ထွက်မပြောပါဖူး။မန်းလေးက ဦးပါပါလေး(ခုတော့ ကွယ်လွန်ပါပြီ)ဦးသာဓု(ကွယ်လွန်ပါပြီ)ကျနော် တော့ မသေသေးပါဖူး။လူပြက် ဆိုတာ ပရိသတ် ရီရအောင် သာ ပြက်လုံးထုတ်တာပါ။ပြည်သူ မျက်နှာကို ဘယ်တုန်းကမှ မီးသွေးခဲ နဲ့  မပွတ်ပါဖူး။စစ်အစိုးရ၊န၀တ အစိုးရ တို့ ကို အားပါးတရ စံချိန်မှီ ဖား ခဲ့ ကြတဲ့အထဲမှာ လူပြက် တစ်ယောက်မှ မပါဖူး ဆိုတာကိုတော့ အသက် နဲ့ ရင်းပြီး အာမခံပါတယ်။ Maung Thura
  

Read More...

Tuesday, September 24, 2013

အများပိုင် နာရေးကူညီမူအသင်း(ရန်ကုန်) တချိန်က အမူဆောင်များနဲ့ ခုဘယ်လိုဖြစ်သွားတာလဲ.....? ကုလာထိုင် ပျောက်မှာကြောက်တဲ့ရောဂါလား.....

ကလာထိုင် ပျောက်မည်ကို ကြောက်တဲ့ရောဂါ မြန်မာပြည်၏ အဆိုးဝါးဆုံးသောရောဂါ ကိုယ်ကစပြီး မတရား မဟုတ်ထာတွေလု့ပ်ထားတော့ ဘယ်သူကိုမှမယုံ..
ယခု ပုံ နဲ့ ယ္ခင်က မြန်မာပြည်အရပ်ရပ် လူမူရေး နာရေးအသင်းများသွားရောက်ဖွဲပေးရာတွင် ပါဝင်သောပုံများ......ုံ်ူ်
ဗြဟ္မစိုရ်ခြေလှမ်းများ.ိှု့ှ်ီူုှ်ိုှ််ုံိုီူ်္ကီ်ူ်ုံ
                                              ကျော်သူ သန်းမြင့်အောင် ကျွန်တော်ွ်

ဝဲအစွန်.ရွှေအင်းသားခင်မောင်ဝင်း(ဓါတ်ပုံ) အလယ်.ကျော်သူ ယာအစွန်- ကျွန်တော်  ဥက္ကဌ ဦးအေးသန်


ဗြဟ္မစိုရ်ခြေလှမ်းများအဖြင့် အထက်မြန်မာပြည် မန္တလေး၊ မုံရွာ၊ စစ်ကိုင်းနယ်မြေများသို့ ၁၅.၉. ၂ဝ၁၃ ရက်နေ့မှ စတင်ခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဗြဟ္မစိုရ်ခရီးလမ်းကြောင်းများ၌ မမျှော် လင့်/မထင်မှတ်သော ဖြစ်ရပ်များရှိခဲ့သည်။
္တိုှ်ု်


.
ခြေလှမ်းများစတင်ခဲ့သည့် မန္တလေးမြို့သို့ ၁၅.၉.၂ဝ၁၃ ရက်နေ့တွင် မန္တလေး တောင်စလင်း ကျောင်းတိုက်သို့ ရောက်ရှိချိန်တွင် နိုင်ငံတော်အစိုးရမှ ချမှတ်ခဲ့သော အရပ်ဖက်လူ့အဖွဲ့အစည်း ဥပဒေ ကြမ်းအား ရန်ကုန်မြို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် အသင်းအဖွဲ့ပေါင်း (၅ဝဝ) ကျော်တို့ ၏ ဘုံသဘောထား ထုတ်ပြန်ချက်အား ထုတ်ပြန်ခဲ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက် နိုင်ခဲ့သော လူမှုရေးအသင်းအဖွဲ့ (၂ဝ) ကျော်တို့အား တောင်စလင်းကျောင်းတိုက်တွင်း၌ မန္တလေး ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းမှ ဦးဆောင်ကျင်းပခဲ့သည်။ ယင်းတွေ့ဆုံပွဲသို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်နှင့် အသင်းသား/သူများတို့မှ တက်ရောက် ပြောကြားခဲ့သည်။
 
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) စက်တင်ဘာ ၂၃၊ ၂၀၁၃


ကျွန်တော်ရှိစဉ်က အနယ်နယ်အရပ်ရပ်သို့ လူမူရေး နာရေးအသင်းများဖွဲရန်သွားသောအခါ အရေးကြီးလူကြီး ၄-ယောက် နဲ အလုပ်အမူဆော်င် ၃- အသင်းသားများထဲမှ ၃- အစဉ်အမြဲခေါ်ခဲ့ပါသည် ကျွန်တော်ကိုယ်တိုင် စီမံခန့်ခွဲသည့်အတွက် ကျွန်တော်အမြဲပါခဲ့ပါသည်၊

ယခုတော့ ဘယ်လိုဖြစ်သည်မသိပါ အသင်းဥက္ကဌ ကျော်သူ နဲ့ အုပ်ချုပ်ရေးမူ ၂-ဦးသာ ဓါတ်ပုံများမှာရော ကျော်သူ ရေတဲ့စာမှာပါ ၂-ဦးထဲတွေ့ ရပါတော့သည်၊
အများပိုင်ဖြစ်ခဲ့သည့် တချိန်က အမူဆောင် အသင်းသား အသင်သူများဖြင့် စည်လုံးခဲ့ကြသည့် တည်ဆောက်ခဲ့ကြသည့် နာရေးအသင်(ရန်ကုန်) ဘယ်လိုဖြစ်သွားရပါသလဲ......?
 

Read More...

Wednesday, September 18, 2013

စည်းလုံးဖို့ သာ အဓိက.....စည်းလုံးဖို့ သာ အဓိက.....

ကျွန်တော် Hanmyomon ရဲ့ဆောင်းပါကောင်းလေးကို ရှယ်ပါ လိုရာသုံးပါ ဒါပေမဲ့ credit လေးတော့ပေးပါနော် ဆောင်းပါးတစ်ခုရေးဖို့မလွယ်ပါ

ကျေးဇူးပြုပြီးဆုံးအောင်ဖတ်ပေးကြပါခင်ဗျာ ကျွန်တော်ရဲ့ အကောင်းဆုံး post တစ်ခုလို့ထင်ပါတယ်ခင်ဗျာ

...
နိုင်ငံကြီးများအနီး နေထိုင်ရသည့် မြန်မာနိုင်ငံမှာ အရေးကြီးဆုံးမှာ အမျိုးသား အကျိုးစီးပွားမှာ အချင်းချင်းရေပက်မ၀င်သည့် စည်းလုံးညီညွှတ်ရေးရအောင် တည်ဆောက်ရေး ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် ပထ၀ီနိုင်ငံရေးအချက်ကြီးပင်ဖြစ်လေ၏။

မြောက်ဘက်တွင် သန်းပေါင်း 1,343,239,923 ကျော်၊ အနောက်ဘက်တွင် 1,205,073,612 ရှိသည့် အိန္ဒိယ၊ 161,083,804 ရှိသည့် ဘင်္ဂလားဒေရှ် နိုင်ငံများအကြားတွင် သန်း54,584,650 ရှိသည့် မြန်မာတိုင်းရင်းသား အချင်းချင်း ရေပက်မ၀င်သည့် စည်းလုံးညီညွှတ်မှုလောက် အရေးကြီးသည့် အမျိုးသား အကျိုးစီးပွား မရှိနိုင်တော့ပါချေ။

မြန်မာနိုင်ငံလောက် သယံဇာတ ပေါကြွယ်ဝသည့်နိုင်ငံ ရှာမှာရှားဆိုရပါမည်။

မြေ၊ ရေ၊ ကောက်ပဲသီးနှံ၊ ရေနံ၊ တွင်းထွက်၊ ဓာတ်သတ္တူ၊ ဘာလိုသေးလဲ။ အမေရိကန် စစ်ဦးစီးတက္ကသိုလ်ထုတ် စစ်ဘက်ပထ၀ီစာအုပ်တွင် မြန်မာနိုင်ငံက မဟာဗျူဟာမြောက် ပစ္စည်းဖြစ်သည့် (တန်စတန်) အဖြိုက်နက်ထွက်သည်ဟုဖော်ပြထားသေး၏။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းဦးရေတိမ်းပိုင်းမှ သံယံဇာတမျာကို ထုတ်ယူဆဲ၊မသုံးစွဲရသေးတဲ့ နေရာတွေအများကြီးပဲ။

ကျွန်တော်တို့ စည်းလုံးညီညွှတ်ရန်သာ လိုပါသည်။ သာမန်စည်းလုံးညီညွှတ်မှုမျိုးမဟုတ်ပါ။ ရှိရှိသမျှသော တိုင်းရင်းသား မြန်မာအားလုံး ရေပက်မ၀င်သည့် စည်းလုံးညီညွှတ်မှု တည်ဆောက်ရန် တက်ညီလက်ညီ လုပ်ကိုင်လိုက်ရလျှင် ၁၀ နှစ်အတွင်း မြန်မာနိုင်ငံသည် ထည်ထည်ဝါ၀ါ နိုင်ငံကြီးတစ်နိုင်ငံအနေဖြင့် ထွက်ပေါ်လာမည် မုချဖြစ်နိုင်သည်။


မြန်မာတို့ စည်းလုံးမိပြီးဆိုလျှင် အရှေ့တောင် အရှ ဖိန့်ဖိန့်တုန်ခဲ့သည်ချည်းဖြစ်၏။

သို့သော် ဤသို့ စည်းလုံးခဲ့သည့်အချိမှာ အလွန်နည်းပါးလှပါသည်။
အနော်ရထာ နန်းသက် (အေဒီ ၁၀၄၄-၁၀၇၇) ၃၃ နှစ်တာ၊ ဘုရင့်နောင် နန်းသက် (အေဒီ ၁၅၅၀-၁၅၈၁) ၃၁ နှစ်၊ အလောင်းဘုရားနန်းက် (အေဒီ ၁၇၅၂-၁၇၆၀) ၈နှစ် နှင့် ဗိုလ်ချုပ်အောင်ဆန်း ၂ နှစ် (၁၉၄၅ ခုနှစ် စစ်ကြီးအပြီး ဗိုလ်ချုပ် နိုင်ငံရေးဦးဆောင်မှုပေးသည့် ကာလကိုသာ ရေတွက်ပါသည်။ ) စုစုပေါင်း ၇၄ နှစ်သာ မြန်မာတို့ စည်းစည်းလုံးလုံးရှိခဲ့ကြလေသည်။

အနော်ရထာလက်ထက် ၁၀၄၄ မှစ၍ ရေတွက်သော် 1947 ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသည့်အထိ နှစ်ပေါင်း ၉၀၃ နှစ်တွင် ၇၄ နှစ်သာ မြန်မာတို့ စည်းစည်းလုံးလုံးရှိခဲ့ကြလေသည်။

1947 ခုနှစ်မှစ၍ ယနေ့အထိ ကွဲခဲ့ပြဲခဲ့ကြသည်ကို သူငယ်ချင်းတို့ ကိုယ့်တွေ့ တွေ့ဖူး၊ ကြုံဖူးကြပြီးဖြစ်ပါသည်။

ထို့ကြောင့် ယနေ့ မျက်မှောက်ခောတ် မြန်မာနိုင်ငံ၏ ပထ၀ီ နိုင်ငံရေး အခြေအနေအရ ကျွန်တော်တို့၏ အလိုအပ်ဆုံးအရာ အချက်မှာ စည်းလုံးညီညွှတ်ရေးဖြစ်ပါသည်

အစဉ်အလာအရ မြန်မာတို့ စည်းစည်းလုံးလုံးရှိခဲ့ကြသည်မှာလည်း ခိုင်မာစွမ်းပကားရှိသည့် ခေါင်ဆောင်းများလက်ထက်တွင်သာ ဖြစ်ရပါသည်။ ကျွန်တော်တို့ အလိုအပ်ဆုံးအချက်မှာ ခိုင်မာစွမ်းပကားရှိသည့် လက်ရုံးရည် နှုလုံးရည်နှင့်ပြည့်စုံသည့် ခေါင်းဆောင်မှု လက်အောက်မှ တစ်မျိုးသားလုံး စည်းလုံးညီညွှတ်မှုဟု ကောက်ချက်ချနိုင်မည်ဖြစ်လေသည်။

ကဲသူငယ်ချင်းတို့ရေး စည်းလုံးညီညွှတ်ဖို့လိုအပ်ပါကြောင်း (စာသည့်ရှည်တိုင်းမကောင်းပါ)

ကမ္ဘာ့ပေါ်ရှိနိုင်ငံများနှင့် လူဦးရေ များကိုလေ့လာကြည့်ပါ


1 China 1,343,239,923
2 India 1,205,073,612
3 United States 313,847,465
4 Indonesia 248,645,008
5 Brazil 199,321,413
6 Pakistan 190,291,129
7 Nigeria 170,123,740
8 Bangladesh 161,083,804
9 Russia 142,517,670
10 Japan 127,368,088
11 Mexico 114,975,406
12 Philippines 103,775,002
13 Vietnam 91,519,289
14 Ethiopia 91,195,675
15 Egypt 83,688,164
16 Germany 81,305,856
17 Turkey 79,749,461
18 Iran 78,868,711
19 Congo, Democratic Republic of the 73,599,190
20 Thailand 67,091,089
21 France 65,630,692
22 United Kingdom 63,047,162
23 Italy 61,261,254
24 မြန်မာနိုင်ငံ 54,584,650
25 Korea, South 48,860,500
26 South Africa 48,810,427
27 Spain 47,042,984
28 Tanzania 46,912,768
29 Colombia 45,239,079
30 Ukraine 44,854,065
31 Kenya 43,013,341
32 Argentina 42,192,494
33 Poland 38,415,284
34 Algeria 37,367,226
35 Canada 34,300,083
36 Sudan 34,206,710
37 Uganda 33,640,833
38 Morocco 32,309,239
39 Iraq 31,129,225
40 Afghanistan 30,419,928
41 Nepal 29,890,686
42 Peru 29,549,517
43 Malaysia 29,179,952
44 Uzbekistan 28,394,180
45 Venezuela 28,047,938
46 Saudi Arabia 26,534,504
47 Yemen 24,771,809
48 Ghana 24,652,402
49 Korea, North 24,589,122
50 Mozambique 23,515,934
51 Taiwan 23,234,936
52 Syria 22,530,746
53 Australia 22,015,576
54 Madagascar 22,005,222
55 Cote d'Ivoire 21,952,093
56 Romania 21,848,504
57 Sri Lanka 21,481,334
58 Cameroon 20,129,878
59 Angola 18,056,072
60 Kazakhstan 17,522,010
61 Burkina Faso 17,275,115
62 Chile 17,067,369
63 Netherlands 16,730,632
64 Niger 16,344,687
65 Malawi 16,323,044
66 Mali 15,494,466
67 Ecuador 15,223,680
68 Cambodia 14,952,665
69 Guatemala 14,099,032
70 Zambia 13,817,479
71 Senegal 12,969,606
72 Zimbabwe 12,619,600
73 Rwanda 11,689,696
74 Cuba 11,075,244
75 Chad 10,975,648
76 Guinea 10,884,958
77 Portugal 10,781,459
78 Greece 10,767,827
79 Tunisia 10,732,900
80 South Sudan 10,625,176
81 Burundi 10,557,259
82 Belgium 10,438,353
83 Bolivia 10,290,003
84 Czech Republic 10,177,300
85 Dominican Republic 10,088,598
86 Somalia 10,085,638
87 Hungary 9,958,453
88 Haiti 9,801,664
89 Belarus 9,643,566
90 Benin 9,598,787
91 Azerbaijan 9,493,600
92 Sweden 9,103,788
93 Honduras 8,296,693
94 Austria 8,219,743
95 Switzerland 7,925,517
96 Tajikistan 7,768,385
97 Israel 7,590,758
98 Serbia 7,276,604
99 Hong Kong 7,153,519
100 Bulgaria 7,037,935
101 Togo 6,961,049
102 Laos 6,586,266
103 Paraguay 6,541,591
104 Jordan 6,508,887
105 Papua New Guinea 6,310,129
106 El Salvador 6,090,646
107 Eritrea 6,086,495
108 Nicaragua 5,727,707
109 Libya 5,613,380
110 Denmark 5,543,453
111 Kyrgyzstan 5,496,737
112 Sierra Leone 5,485,998
113 Slovakia 5,483,088
114 Singapore 5,353,494
115 United Arab Emirates 5,314,317
116 Finland 5,262,930
117 Central African Republic 5,057,208
118 Turkmenistan 5,054,828
119 Ireland 4,722,028
120 Norway 4,707,270
121 Costa Rica 4,636,348
122 Georgia 4,570,934
123 Croatia 4,480,043
124 Congo, Republic of the 4,366,266
125 New Zealand 4,327,944
126 Lebanon 4,140,289
127 Liberia 3,887,886
128 Bosnia and Herzegovina 3,879,296
129 Puerto Rico 3,690,923
130 Moldova 3,656,843
131 Lithuania 3,525,761
132 Panama 3,510,045
133 Mauritania 3,359,185
134 Uruguay 3,316,328
135 Mongolia 3,179,997
136 Oman 3,090,150
137 Albania 3,002,859
138 Armenia 2,970,495
139 Jamaica 2,889,187
140 Kuwait 2,646,314
141 West Bank 2,622,544
142 Latvia 2,191,580
143 Namibia 2,165,828
144 Botswana 2,098,018
145 Macedonia 2,082,370
146 Slovenia 1,996,617
147 Qatar 1,951,591
148 Lesotho 1,930,493
149 Gambia, The 1,840,454
150 Kosovo 1,836,529
151 Gaza Strip 1,710,257
152 Guinea-Bissau 1,628,603
153 Gabon 1,608,321
154 Swaziland 1,386,914
155 Mauritius 1,313,095
156 Estonia 1,274,709
157 Bahrain 1,248,348
158 Trinidad and Tobago 1,226,383
159 East Timor 1,143,667
160 Fiji 890,057
161 Djibouti 774,389
162 Guyana 741,908
163 Comoros 737,284
164 Bhutan 716,896
165 Equatorial Guinea 685,991
166 Montenegro 657,394
167 Solomon Islands 584,578
168 Macau 578,025
169 Suriname 560,157
170 Cape Verde 523,568
171 Western Sahara 522,928
172 Luxembourg 509,074
173 Malta 409,836
174 Brunei 408,786
175 Maldives 394,451
176 Belize 327,719
177 Bahamas, The 316,182
178 Iceland 313,183
179 Barbados 287,733
180 French Polynesia 274,512
181 New Caledonia 260,166
182 Vanuatu 256,155
183 Samoa 194,320
184 Sao Tome and Principe 183,176
185 Saint Lucia 162,178
186 Guam 159,914
187 Grenada 109,011
188 Aruba 107,635
189 Micronesia, Federated States of 106,487
190 Tonga 106,146
191 Virgin Islands 105,275
192 Saint Vincent and the Grenadines 103,537
193 Kiribati 101,998
194 Jersey 94,949
195 Seychelles 90,024
196 Antigua and Barbuda 89,018
197 Isle of Man 85,421
198 Andorra 85,082
199 Dominica 73,126
200 Bermuda 69,080
201 Marshall Islands 68,480
202 Guernsey 65,345
203 Greenland 57,695
204 American Samoa 54,947
205 Cayman Islands 52,560
206 Northern Mariana Islands 51,395
207 Saint Kitts and Nevis 50,726
208 Faroe Islands 49,483
209 Turks and Caicos Islands 46,335
210 Sint Maarten 39,088
211 Liechtenstein 36,713
212 San Marino 32,140
213 British Virgin Islands 31,148
214 Saint Martin 30,959
215 Monaco 30,510
216 Gibraltar 29,034
217 Palau 21,032
218 Wallis and Futuna 15,453
219 Anguilla 15,423
220 Cook Islands 10,777
221 Tuvalu 10,619
222 Nauru 9,378
223 Saint Helena 7,728
224 Saint Barthelemy 7,332
225 Saint Pierre and Miquelon 5,831
226 Montserrat 5,164
227 Falkland Islands (Islas Malvinas) 3,140
228 Norfolk Island 2,182
229 Svalbard 1,970
230 Christmas Island 1,496
231 Tokelau 1,368
232 Niue 1,269
233 Holy See (Vatican City) 836
234 Cocos (Keeling) Islands 596
235 Pitcairn Islands 48
See More

.

Read More...

Tuesday, September 17, 2013

ကမ္ဘာကြီးကို ပြောင်းလဲလိုက်သည့် မိုဘိုင်း၏ သမိုင်းကမ္ဘာကြီးကို ပြောင်းလဲလိုက်သည့် မိုဘိုင်း၏ သမိုင်း

အလွယ်တကူ ရွေ့လျားနိုင်ခြင်း၊ ရွှေ့နိုင်ခြင်းကို မိုဘိုင်းဟု အဓိပ္ပါယ် ဖွင့်သည်။ ယနေ့နိုင်ငံတကာဝေါဟာရတွင်မူ မိုဘိုင်းဆိုသည့် စကားလုံးကို "သယ်ယူနိုင်သည့် လက်ကိုင်ဖုန်း" ဟူ၍ပင် အလိုလိုနားလည်လာသည့် အထိ မိုဘိုင်းဖုန်းများက အရေးပါလာသည်။ ကလေးများအတွက် ဘ၀တွင် အကြမ်းတမ်းဆုံးအဖြစ်က အိမ်တွင် ဆဲလ်ဖုန်းတလုံးသာရှိခြင်းဖြစ်သည် ဟုပင် နောက်ပြောင်ပြောရလောက်အောင် နိုင်ငံအတော်များများတွင် ကလေးကအစ လူတိုင်း ဖုန်းကိုယ်စီဖြစ်လာကြသည်။

မြန်မာနိုင်ငံတွင်လည်း Ooredoo နှင့်Telenor ကုမ္ပဏီကြီး ၂ခုကို လိုင်စင်ချပေးလိုက်သည့်နောက်ပိုင်း မိုဘိုင်းဝင်ရောက်မှု တဟုန်ထိုး
မြင့်တက်လာတော့မည်ဖြစ်သည်။ Mason သုတေသနအဖွဲ့က ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေထက် တဆပိုတိုးလာမည်ဟု ခန့်မှန်းသည်။

ယနေ့ခေတ်လူသားများ၏ နေ့စဉ်ဘ၀ကို လွှမ်းမိုးထားသည့် မိုဘိုင်း၏ သမိုင်းကိုကြည့်လျှင် ယနေ့ခေတ်တွင် တွေ့မြင်နေရသလိုနှုန်းမျိုးနှင့် နည်းပညာအသစ်များပေါ်လာနိုင်ခဲ့သည်တော့ မဟုတ်ပါ။
မိုဘိုင်းဆက်သွယ်မှု အကြံအစီ အစပျိုးချိန်မှာ ၁၈၆၀ အလယ်ပိုင်းနှစ် များက ဖြစ်သည်။ သင်္ချာပညာရှင် စကော့လူမျိုး ဂျိမ်းကလပ် မက်စ်ဝဲလ်က ညီမျှခြင်းတခုကို ထုတ်လုပ်ပြီး အဖြေထုတ်ရာတွင် အီလက်ထရီ သံလိုက်လှိုင်းများက အလင်းရောင်သွားနှုန်းနှင့် ရွေ့လျားသွားနိုင်ကြောင်း တွက်ချက် ခန့်မှန်းနိုင်ခဲ့သည်။ ၎င်းခန့်မှန်းချက်ကို အတည်ပြုရန် စမ်းသပ်ခန်းထဲတွင် နှစ် ၂၀ ကြာခဲ့ပြီး ၎င်းနောက် နောက်ထပ် အနှစ် ၂၀ ကြာမှ ပထမဆုံး မိုဘိုင်းကြိုးမဲ့ဆက်သွယ်မှု စတင်စမ်းသပ်တည်ထွင်နိုင် ခဲ့သည်။

၁၉ ရာစုနှောင်းပိုင်းတွင် ကြိုးမဲ့ကြေးနန်းနှင့် ကြိုးမဲ့ဖုန်းများက ဆက်သွယ်ရေးလောကကို ပြောင်းလဲစေခဲ့သည်။ နှစ်အနည်းငယ်အတွင်းမှာပင် သတင်းသည် လူများရွှေ့လျားနိုင်သည့်နှုန်းမှ အလင်းရွှေ့နိုင်သည့်
နှုန်းဖြင့် ပြောင်းလဲပြန့်နှံ့နိုင်ခဲ့သည်။ ထို့နောက် ၂၀ ရာစုတွင် ဒုတိယမိုဘိုင်း
တော်လှန်ရေး စတင်တော့သည်။ ၎င်းမှာ ရေဒီယိုအသံလွှင့်လုပ်ငန်းတွင် နည်းပညာ ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ ရေဒီယိုလှိုင်းများကို ကမ္ဘာ့နေရာတခုမှ
နောက်ကမ္ဘာ့နေရာတခုကို သီးခြား ပစ်မှတ်ထား ဦးတည်လွှင့်ထုတ်နိုင်ပြီး သတင်းများ ဖျော်ဖြေမှုများ ကမ္ဘာအနှံ့ပြန့်နှံ့နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုရေဒီယိုလှိုင်းသည် အသံလွှင့်လုပ်ငန်းတခုထဲမကတော့ဘဲ မိမိခေါ်ဆိုဆက်သွယ်လိုသောသူကို သီးခြားဆက်သွယ်ခေါ်ယူနိုင်သည့် မိုဘိုင်းဆက်သွယ်မှုအဖြစ် ပေါ်ထွက်လာခဲ့သည်။
ပထမဆုံး မိုဘိုင်းဖုန်းကို ၁၉၄၇ ခုနှစ်တွင် စတင်နိုင်ခဲ့သည်။ သို့သော် ယနေ့လူအသုံးများသည့် ဆယ်လူလာလက်ကိုင်ဖုန်း သမိုင်းကတော့ အနှစ် ၂၀ ခန့်သာရှိနေပါသေးသည်။ ဆယ်လူလာဖုန်းများ၏ တိုးတက်မှုနှုန်းကမူ စတင်ခဲ့သည့် အချိန်မှ ယနေ့အချိန်အထိ မြန်ဆန်လွန်းသဖြင့် ကမ္ဘာကြီးကို အချိန်တိုတိုအတွင်း မိုဘိုင်းလွှမ်းမိုးသောခေတ်ကို ရောက်စေခဲ့သည်။ အတိတ်က ဖြစ်ခဲ့သည့် ဖွံ့ဖြိုးမှုတော်လှန်ရေးသမိုင်းအဆင့်ဆင့်တွင် မိုဘိုင်းဆဲလ်လူလာ တော်လှန်ရေးက အမြန်ဆုံးနှင့် အအောင်မြင်ဆုံး
ဖြစ်သည်။

ကြိုးနီစနစ်နှင့် နည်းပညာသစ်အပေါ် သံသယများပြားခဲ့သဖြင့် ကနဦး မိုဘိုင်း တည်ထောင်သူများ အတော်ပင် အခက်အခဲတွေ့ခဲ့ရသည်။ ၁၉၄၇ ခုနှစ်တွင် အမေရိကန်နိုင်ငံတွင် At&T က ပထမဆုံးမိုဘိုင်း ဆက်သွယ်မှု ကွန်ယက် ထူထောင်ရန် အဆိုပြုခဲ့သည်။ အကြိမ်ကြိမ်ပင် အစိုးရ ဆက်သွယ်ရေးကော်မရှင်၏ အငြင်းပယ်ခံခဲ့ရပြီး နောက်ဆုံး အနှစ် ၂၀ အကြာ ၁၉၆၈ မှာမှ ခွင့်ပြုချက်ရခဲ့သည်။ ၎င်းနောက် စမ်းသပ်မှုများ၊ ဥပဒေရေးရာများ၊ အငြင်းအခုံတွေကြားမှာပင် နောက်ထပ် ဆယ်စုနှစ်တခု ကြာမြင့်ခဲ့ရသေးသည်။

ပထမဆုံး လက်ကိုင်မိုဘိုင်းဖုန်းကို ၁၉၇၃ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် မိုတိုရိုလာ ကုမ္ပဏီက ထုတ်နိုင်ခဲ့သည်။ ထိုဖုန်းသည် ၁.၁ ကီလိုလေးပြီး ၂၃ စင်တီမီတာအရှည်နှင့် ၄.၄၅ စင်တီမီတာ ဗျက်ရှိသည်။ နယူးရောက်မြို့လည် မန်ဟက်တန်၏ ထင်ရှားသော 6th Avenue (စစ် အဲဗနူး) မှ လက်ကိုင်မိုဘိုင်းဖုန်းကို သုံးပြီး ပထမဆုံးခေါ်ဆိုလိုက်သောနေ့ သည် ယခုလက်ရှိ လူနေမှုစနစ်ကို အစပြုခဲ့သည့် မှတ်တိုင်တတိုင်ဟု ဆိုနိုင်ပေသည်။ ထိုကဲ့သို့သောဖုန်းများကို လူတိုင်းကိုင်တွယ် အသုံးပြုနိုင်သောနေ့ကို မျှော်လင့်ပါသည်ဟု လွန်ခဲ့သော နှစ် ၄၀ က မိုတိုရိုလာ၏ မန်နေဂျာက ပြောခဲ့သော်လည်း ယနေ့ခေတ်လို အနေအထားမျိုးကို ဤမျှမြန်မြန်ဆန်ဆန် ရောက်လာမည်ဟု ထင်ခဲ့မည် မဟုတ်ပါ။ ထိုခေတ်က လက်ကိုင်မိုဘိုင်းဖုန်းတလုံးသည် ဒေါ်လာ ၄ ထောင်ခန့်ရှိသည်။

မိုဘိုင်းဖွံ့ဖြိုးမှုသည် ယနေ့ ကမ္ဘာကြီးတခုလုံးကို ပို၍နီးကပ်သွားအောင် လုပ်နိုင်ခဲ့သည်။ တိုင်းပြည်နယ်နမိတ်များ၊ ပထ၀ီနယ်နမိတ်များ အားလုံးကို ဖြတ်ကျော်ပြီး ကမ္ဘာမှုပြုနိုင်ခဲ့သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခင်းအကျင်းများတွင်သာမက လူသားတို့၏ နေ့တဓူဝ ဘ၀များသည်လည်း အကြီးအကျယ် ပြောင်းလဲသွားတော့သည်။

ခင်မေဇော် (၀ါရှင်တန်ဒီစီ).

Read More...

Tuesday, September 10, 2013

ကမ္ဘာတည်သ၍ အများပိုင်အသင်းကို ငါပိုင်တယ် ငါပိုင်တယ် လို့ လူအများသိအောင်.....ရုပ်တုထာကြမယ်

အခမ်းအနားသို့ ပြည်နယ်၊ တိုင်းအသီးသီးတို့မှ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတို့ဖြင့် ခရီးပင်ပန်းစွာဖြင့် တက်ရောက်၍ တင်ပြခဲ့ကြသော အသင်းအဖွဲ့များ၊ အချိန်မအားသည့်ကြားမှ အသင်း အတွက် အမြဲတမ်း Welcome ဟု

လူမူရေးဥပဒေကြမ်း တွေ့ ဆုံးပွဲမှာ ၁၀၀၀-တက်ရောက်တယ်လို့သိရပါတယ်.....FB မှာ တက်ရောက်သူတယောက် တင်ထားတာပါ.....................................................တစ်နိုင်ငံလုံးလာတာပါ
ဘဲဥတစ်လုံးငါးခြောက်နှစ်ချောင်း ပဲဟင်းရေကြဲလေးနဲ့ပေါ့
တစ်နေ့လုံးပါ.....

ပေးဆပ်သူများပေါ့ပြောကြသော အထူးဧည့်-အသင်းသား ဦးရဲလွင် (မဇ္ဈိမလှိုင်း)နှင့် ကိုဆောင်းဦးလှိုင်၊ အခမ်းအနားသို့ တက်ရောက်လာကြသူများ လက်မှတ်ရေးထိုးသည့်ကောင်တာ၌ အခမ်းအနားပြီးဆုံးချိန်အထိ လုပ်အားပေးခဲ့သော မနန်းခင်ဇေယျာ၊ အခမ်းအနားဖြစ်မြောက်အောင် နေ့ည မရွေး (တာဝန်များအား နေရာမရွေး) ထမ်းရွက်ပေးဆပ်ခဲ့ကြသော အလုပ်အမှုဆောင်များ၊ အကြံပေးများ၊ ဝန်ထမ်းများ၊ အသင်းသား/သူများ၊ ဧည့်-အသင်းသား/သူများ၊ ကြက်ခြေနီအဖွဲ့သူ/သားများ၊ ဟိုတယ် ဝန် ဆောင်မှု သင်တန်းနည်းပြဆရာများ၊ သင်တန်းဆင်းများနှင့် သင်တန်းသား/သူများ၊ ကိုခင်မောင်အေးနှင့် အဖွဲ့နှင့် ကျေးဇူးတင်ထိုက်သူများ အားလုံး အားလုံးတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။


(၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် ပြည်နယ်၊ တိုင်းဒေသအသီးသီးတို့မှ လူမှုရေး အသင်းအဖွဲ့များ ဖတ်ကြားတင်ပြခဲ့သော သဘောထား ကြေညာချက်များအပေါ် အခြေပြုပြီး ပြန်လည် ထုတ်ပြန်ခဲ့သည့် “ဘုံသဘောထားကြေညာချက်” အား နေပြည်တော်ရှိ အစိုးရအဖွဲ့ရုံးများ၊ သက်ဆိုင်ရာ ဌာနများ၊ သံရုံးများ၊ တိုင်းနှင့်ပြည်နယ် လူမှုရေးအသင်းအဖွဲ့များထံသို့ တင်ပြပေးပို့သွားမည် ဖြစ်ပါသည်။)ကျောသူ်

 

ကမ္ဘာတည်သ၍ အများပိုင်အသင်းကို ငါပိုင်တယ် ငါပိုင်တယ် လို့ လူအများသိအောင်.....ရုပ်တုထာကြမယ်

September 8, 2013 at 10:25pm

 
 
 
 
 
     
 
 
  
 
 
 
 
 ကမ္ဘာတည်သ၍ အများပိုင်အသင်းကို ငါပိုင်တယ် ငါပိုင်တယ် လို့ လူအများသိအောင် ရဲဘော်ကြီးကတော့ အသင်းမှာ ငါပိုင်.....ကြောင်းအများမြင်အောင် ရုပ်တုထားလိုက်ပြီ။
နာရေးကူညီမူအသင်း(ရန်ကုန်)ကို စာရေဆရာ ဆရာဦးအောင်သင်း အပါအဝင် ထက်မျက်သူ အတွေးအကြံအဆကောင်းသူ ၁၀-ဦးက ငွေရင်မတည်၍ မန္တလေးမြို့  ဆရာတော်ဦးတိက္ခ တည်ထောင်ထားသော ဗြဟ္မာစိုရ်လူမူကူညီရေးအသင်း ကို သွားရောက်လေ့လာပြီး တည်ထောင်ထားခြင်းဖြစ်ပါသည် စထောင်စဉ်က ဥက္ကဌ ဦးမြင့်ဆွေ(ယ္ခု ရတနာမေတ္တာ) ၂၀၀၄-ဥက္ကဌ ဦးအေးသန့် တို့ပါ ကျွန်တော်၂၀၀၂-အသင်းလုပ်အားပေစရောက်စဉ်က ကျော်သူ သန်းမြင့်အောင် ရွှေဇီကွက် ၃-ဦးစလုံး လုပ်အားပေးတွေသာ...ဖြစ်ပါသည် နောက်မှ သူတို့နောက်ကွယ် ကျွန်တော်ကရှေ့ ဦးဆောင် ဦးအောင်သင်း ကိုငွေတသိန်းနဲ့လုပ်ကြံ အသင်းကိုမတရားနည်းတွေသုံး သိမ်ယူခဲ့ကြတာပါ ထောက်လှမ်းရေးခင်ညွန့် အသင်းမြေနေရာ တိုက်ခန်း ဖုံး မြေကွက်တွေခေါ်ပေးမှ ကျော်သူ နောက်က ထောက်လှမ်းရေးခင်ညွန့် ရှိကြောင်းသိခဲ့ရတာပါ တံတာလေးရှိ စစ်ရုံးဝန်ထဲသွားပြီး မြေယာအသုံးချရေးကော်မတီ အတွင်းရေးမူဗိုလ်မူကျော်ဝင် ထံမှ ခင်ညွန့် လက်မှတ်နဲ့ မြေဧက ၅-ဧကကျော်ရပေမဲ့ အိုအိမ်မှာ မြေဂရံလုပ်တော့ ညွန်ချုပ်ဦးအံကျော်ကို ၂-ဧကပေးခဲ့တယ် ဒါကြောင့်မြေကွက် က ခ ဖြစ်နေတာ လွန်ခဲ့တဲ၎-နှစ်လောက်က ကျော်သူ ကို အသင်းစတင်တည်ထောင်သူလို့် အသံလွင်ဌာနအားလုံးက ပံ့ပိုးပေးခဲ့ကြတယ် ကျွန်တော်၃-နှစ်လောက်ကြိုးစားလို့ ခုအသင်းတည်ထောင်သူလို့မပြောကြတော့ပါ.....သမိုင်းကိုဖျောက်ဖျက်ဖို့  ခုထိကြိုးစာကြတုံးပါဘဲ။
ကျော်သူ က အများပိုင် နာရေးကူညီမူအသင်း(ရန်ကုန်) ကို ကိုယ်ပိုင်အသင် အဖြစ်လုပ်ဆောင်ပြီး အသင်းမှာ သူ့ရုပ်ထုထားနေပြီ .......ကျော်သူ က ကိုယ်တိုင်အသင်းတခုကိုဖြစ်မြောက်အောင် မဖွဲ့ နိုင်ဘဲ သူများတွေ တွေးခေါ်ကြံစည်ထားသည့် နာရေးကူညီမူအသင်း(ရန်ကုန်)ကို မတရားသိမ်းပိုက်ခဲ့တာပါ ကျွန်တော်ကိုယ်တိုင် ဦးဆောင်သိမ်းပေးခဲ့ရတာပါ ထောက်လှမ်းရေးခင်ညွန့် မြေကွက်ခေါ်ပေးမှ ကျော်သူ နောက်မှာ ခင်ညွန့် ရှိကြောင်းသိရခဲ့ပါတယ်.....ကေ...ျာ်သူ က ထောက်လှမ်းရေးခင်ညွန့် လမ်းညွန်မူနဲ့ နာရေးကူညီမူအသင်း(ရန်ကုန်)ကို မတရားနည်းတွေသုံးသိမ်းပိုက်ခဲ့တာပါ အသင်းစတင်တည်ထောင်သူ စာရေးဆရာ ဆရာဦးအောင်သင်း ကိုလုပ်ကြံ အောင်မြင်လို့ ခင်ညွန့် ကဒီနေ့ နာရေးသင်းမြေနေရာ နဲ့ ဆုလာဒ်များစွာ တိုက်ခန်း ဖုံး မြေနေရာတွေပေခဲတာပါ ဝင်ရောက်လေ့လာနိုင်ပါတယ်...... http://tharafi.blogspot.com/


  • Nyunt Thein လူမူရေးဥပဒေကြမ်း တွေ့ ဆုံးပွဲမှာ ၁၀၀၀-တက်ရောက်တယ်လို့သိရပါတယ်.....FB မှာ တက်ရောက်သူတယောက် တင်ထားတာပါ.....................................................တစ်နိုင်ငံလုံးလာတာပါ
    ဘဲဥတစ်လုံးငါးခြောက်နှစ်ချောင်း ပဲဟင်းရေကြဲလေးနဲ့ပေါ့
    တစ်နေ့လုံးပါ
    ပေးဆပ်သူများပေါ့
    .

Read More...

Monday, September 9, 2013

နှစ်ယောက်ထဲ

Vocaroo Voice Message

.

Read More...

သီတာရေစင်

Vocaroo Voice Message

.

Read More...

ပျို့မောင်ဖုန်း

Vocaroo Voice Message

.

Read More...

ရေအောက် အင်တာနက် ဖိုက်ဘာကြိုး

ရေအောက် အင်တာနက် ဖိုက်ဘာကြိုး

အောင်ခမ်း (TSJ team)

ရေအောက် အင်တာနက် ဖိုက်ဘာကြိုး

အောင်ခမ်း (TSJ team)

အကြမ်းဖျဉ်း သိအောင် ရှင်းပြရုံလေးပါ။ ပုံမှာ မြင်တွေ့နေရတာ ကတော့ ရေအောက် ဖိုက်ဘာ ကေဘယ်လ် ဖြစ် ပါတယ်။ ပုံသေတေ...ာ့ ပြော လို့ မရပါဘူး။ ထုတ်လုပ်တဲ့ ကုမ္မဏီအလိုက်၊ အမျိုးအစားအ လိုက်၊ မော်ဒယ် အလိုက် ဒီဇိုင်းက ကွဲပြား နိုင်ပါတယ်။

Optical Fiber လို့ခေါ်တဲ့ အင်တာနက် ဆက်ကြောင်းက အလင်းရောင်နဲ့ အလုပ်လုပ်တာပါ။ ကြိုတစ်ဖက်စွန်း ဆီမှာ အလင်းအရောင် ပေးမယ့် လေဆာ သို့မဟုတ် မီးလုံး ရှိပြီး အဖွင့်အပိတ်နဲ့ အလုပ်လုပ် ပါတယ်။ လျှပ်စစ် စီးကြောင်းတို့ မဟုတ်ပါဘူး။ အလင်းရောင်တန်း ဖြစ်ပါတယ်။ အလင်းရောင် ရဲ့  သွားနှုန်းက အီလက်ထရွန် ထက် ပိုမိုမြန်ဆန်ပြီး ပိုမိုလည်း အပြည့်အဝ ရရှိပါတယ်။ သတ္တုကြားခံ ပစ္စည်းများ အသုံးပြုမှုက Loss များပါတယ်။ ဒါကြောင့် fibre ကိုအစားထိုးတာပါ။ သူက ဖန်ပိုက်လို့လည်းအလွယ်ခေါ်ပါတယ်။ သေးငယ်လှတဲ့ ပိုက်ထဲမှာ အလင်းရောင်သွားတာပါ။ အလင်းရောင်ရဲ့ စက္ကန့်ပိုင်းအတွင်း ဖြစ်ပေါ်တဲ့ အဖွင့်၊အပိတ် အကြိမ်အရေ အတွက်ကို လိုက်လို့ ဘာသာပြန်ပြီး သတင်းအချက်အလက်ကို ပြန်ဖော်ပြတဲ့ စနစ် ဖြစ်ပါတယ်။

ဥပမာ ဖွင့်ရင် 1. ပိတ်ရင် 0 ဆိုရင် 101011000101 အစရှိသဖြင့် Binary Language ကို ပြန်ကူးပြောင်းပြီး အချက်အလက်ကို ပြန်ဖော်ပြ ပေးပါတယ်။ ဒီအတွက် အာရုံခံ ပစ္စည်းကိုလည်း တစ်ဖက်စွန်းဆီမှာ တပ်ဆင်ထားပါသေးတယ်။ ဖိုက်ဘာရဲ့  အဓိက အားသာချက်က Speed မြန်တယ်။ Data Bandwidth loss နည်းတယ်။ ပင်လယရေအောက်ကနေ သွားတဲ့ fibre အတွက် ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဘေးမှာ ကာရံထားတဲ့ အထပ်တွေ မနည်းပါဘူး။ အချက်အလက်အမှန်တကယ် သွားတဲ့ ပိုက်ကို ထိခိုက်မှု မရှိ အောင် အလွှာ အထပ်ထပ်ခံထားပါတယ်။ ဒီတော့ Standby ဖြစ်အောင် လိုင်းတစ်လိုင်းထဲမဟုတ်ပဲ ကြိုး ၂ ကြိုးတွဲ၊ ၃ ကြိုးတွဲ အစရှိသဖြင့် တွဲလို့ အသုံးပြုပါတယ်။ Optical Fibre ဟာ ယနေ့ခေတ် မှာ ခရီးအကွာအဝေးများစွာ ရှည်လျားတဲ့ နေရာတစ်ခုမှ တစ်ခုသို့ သတင်း အချက်အလက် စီးဆင်းမှုအတွက် အကောင်းဆုံး ဆက်သွယ်ရေး ကြားခံ ပစ္စည်း ဖြစ်ကြောင်း သိရပါတယ်။
.
Ref: wiki,cisco
.

Read More...

Thursday, September 5, 2013

နာရေးကူညီမူအသင်း(ရန်ကုန်) ကို ဘယ်လိုမတရားနည်းတွေသုံး လုပ်ကြံရယူခဲ့ကြပါသလဲ

မြန်မာပြည် ၏ နမိတ်ပုံ (သို့) နာရေးကူညီမူအသင်း(ရန်ကုန်) နှင့် ၂၀၁၀ ရွေးကောက်ပွဲ



U Myint Swe
ဦးမြင့်ဆွေ
နာရေးကူညီမူအသင်း(ရန်ကုန်) ကို စတင်တည်ထောင်သူများတွင်ပါဝင်ခဲ့သူ အသင်းကြီး၏ ပထမ ဦးဆုံး ဥက္ကဌ ဦးမြင့်ဆွေ
(ယခု ရတနာမေတ္တာ HIV ရောဂါသည်များ ကူညီမူပေးရေးအဖွဲ ဥက္ကဌ)

ယခု တတိယမြောက် ဥက္ကဌ ကျော်သူ ၂၀၀၇ မှစ၍ ခေါင်ဆောင်မူပေးနေသည်

သရဖီညွန့် ဥက္ကဌ ဦးအေးသန့် ဒေါက်တာအောင်မြင့် ဒေါ်ဌေးဌေးနိုင်
စစ်တပ်မှ ဒုတိယအကြိမ် အာဏာသိမ်းပြီး ဒုတိယအကြိမ် နှစ်-၂၀ ကျော်မှာ အရပ်သားပြည်သူတွေ(မိမိတို့)လက်ထဲပြန်အပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ နိုဝင်္ဘာလ-၇ ရက်နေ့မှာ ကျင်းပတော့မှာဖြစ်ပါတယ်။
ပြည်ပသတင်းဌာနတွေ၊ ပြည်တွင်းသတင်းဌာနတွေ၊ ပြည်သူတွေ၊ အယ်ဒီတာတွေ၊ ပါဝင်ယှဉ်ပြိုင်တဲ့ပါတီတွေ၊ ကိုယ်စလှယ်လောင်းတွေ၊ ပညာရှင်တွေ၊ တချိန်က နိုင်ငံရေးသမားကြီးတွေ၊ အားလုံး ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပြောကြ၊ ဆိုကြ၊ ရေးကြ၊ ဝေဖန်ကြနဲ့၊ ပွက်လောရိုက်ပြီး၊ ကြွက်ကြွက်ကို ဆူညံနေတာပါပဲ၊ ထွက်လာတဲ့အသံတွေထဲမှာ အားလုံးတူညီတာ တခုကတော့၊ လုပ်ပိုင်ခွင့် ရှိသူဟာ ချီး၊သေး တောင်မချန်(ကတော့ပါရဲ) လုပ်ပိုင်ခွင့် ရနေပြီး၊ အားလုံးကမော့ကြည့်နေရတယ်ဆိုတာပါပဲ၊ တခုတော့ရှင်းရှင်ပဲပြော ရမယ် ဆိုရင် စစ်တပ် ဆိုတာ ရေဘူးပေါက်ထာ မလိုချင်ဘူး ရေပါဖို့ပဲလိုတယ်၊ ဒီအတိုင်းပဲဖြစ်ပါလိမ်မယ်၊
နာရေးကူညီမူ အသင်း(ရန်ကုန်) မှာလည်း ၂၀၀၃-ခုနှစ် နှစ်ပါတ်လည် ညီလာခံလုပ်တော့ ကိုကျော်သူ၊ သန်းမြင်အောင်၊ မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်)၊ ကျွန်တော်၊ အပါအဝင် အသင်းသားလုပ်အားပေး(volunteer) များက "နိုင်ကိုနိုင်ရမည်" ကြွေးကျော်သံဖြင့် စာရေးဆရာ ဦးအောင်သင်း အပါအဝင်
အသင်းစတင်ထူထောင် သူ(Pioneer) အားလုံးကို၊ အသင်းမှ ဖယ်ရှားပြစ်ဖို့ သန်းမြင့်အောင်လုပ်ပိုင်ခွင့်ကို အသုံးချပြီး၊ လုပ်လို့ရတာ အားလုံးလုပ်ခဲ့ပါတယ်ထူးထူးဆန်ဆန်းအောက်လမ်းနည်းတောင်ပါလိုက်ပါသေးတယ်။
အသင်းကြီးကို စတင်တည်ထောင်သူ (Pioneer) ၁၀-ဦးဟာ တဦးလျှင် ကျပ် ၂-သိန်း မှ ၁၀-၁၅ သိန်း ထည့်ဝင်ခဲ့ပြီး နာရေးကူညီမူအသင်း(ရန်ကုန်) အမည်ဖြင့် ၂၀၀၁-ဇန္နာဝါရီလ-၁ ရက်နေ့ မှာ စတင်၍ အသင်းဖွဲစည်းခဲ့ပါသည်၊ ပထမ ဦးစွာ မန္တလေးမြို့  ရှိ ဆရာတော် ဦးတိက္ခ ဦးစီးတည်ထောင်ထားသော ဗြမ္မာစို လူမူကူညီစောက်ရှောက်ရေးအသင်း ကိုသွာရောက် လေ့လာပြီး နမူနာယူ၍ လုပ်ဆောင်ခဲ့ပါသည် အသင်းစတင်ဖွဲစည်းသူ အားလုံးဟာ သူနယ်ပယ်နဲ့ သူ ထက်ထက်မျက်မျက် ရှိသူတွေဖြစ်ပါတယ်၊ အစိုးရအနေနဲ့  ထိုသူတွေလက်ထက်မှာ အသင်းအောင်မြင်သွားမှာ စိုးရိမ်ပါတယ်၊ အသင်းကိုလုံးဝအားမပေးပါ၊
ထက်မြက်တဲ့သူတွေ၊ ပြည်သူမျက်နှာကြည့်မဲ့သူတွေ၊ ဆိုရင် ဘေးရောက်သွားတာပါပဲ။
၂၀၀၂-ခုနှစ်မှာ နှစ်ပါတ်လည်ညီလာခံမှာ အသင်းစတင်တည်ထောင်သူတွေထဲမှာ ပါဝင်သည့် အသင်းကြီး၏ ပထမ ဆုံး ဥက္ကဌ ဖြစ်တဲ့ဥက္ကဌ ဦးမြင့်ဆွေ မှ ဦးဆောင်ပြီ အသင်ကြီး၏ ဖွဲစည်းပုံ ဥပဒေကို အတည်ပြု ၍ စာအုပ်ထုတ်ဝေထားပါတယ်၊ အသင်းသားလျှောက်လွာ (၁၀၀၀) တထောင်ကျော်ရှိသော်လည်း၊ အသင်းစတင်တည်ထောင်သူများအပါအဝင၊် ပုံမှန်လုပ် အားပေးနေသူ (၉၀) ကို တရားဝင်အသင်းသားအဖြစ် အသိအမှတ်ပြု ပေးခဲ့ပါတယ်၊ ပြန်ကြားရေးတာဝန်ခံ ဖြစ်သူ သန်းမြင့်အောင် မှ အသင်းသားစာရင်း ပုံနိပ်စာရွက်ကို စာရွက်ပေါ်မှာ လက်မှတ်ထိုးပြီး၊ တရားဝင်သိမ်းထားပေရပါတယ်၊ သန်းမြင့်အောင် က သူကိုသိမ်းထားခိုင်သော အသင်းသား စာရင်းကိုအသုံးချပြီး အနိုင်ယူသွားတာပါ၊ လုပ်ပိုင်ခွင့် ဆိုတာအထူးအရေးကြီပါတယ်။
၂၀၀၃-ခုနှစ် နှစ်ပါတ်လည် အစီးအဝေးမတိုင်ခင် လပါတ်အစည်းအဝေးမှာ ဥက္ကဌ ဦးမြင့်ဆွေ မှ
အသင်းသား လျှောက်လွာပုံစံ ထပ်ထုတ်မပေးဖို့ တရားဝင်ပိတ်ပင်ခဲ့ပါတယ်၊ အသင်းသား လျှောက်လွှာပုံစံများကို ပြန်ကြားရေး တာဝန်ခံဖြစ်သည့် သန်းမြင့်အောင် က တာဝန်ယူသိမ်းဆည်းထားရပါတယ်၊ ဒါကိုလည်း သန်းမြင့်အောင် အသုံးချသွားပါတယ်။
အားလုံးကိုဘယ်လို အသုံးချခဲ့သလဲ မရေးခင၊် ပထမပြောချင်တာက ၂၀၀၃-ခှုနှစ် နှစ်ပါတ်လည်အစည်းအဝေး မတိုင်ခင် အသင်းစတင်တည်ထောင်သူတွေထဲမှာပါဝင်သည့် အသင်းကြီး၏
နာယက စာရေးဆရာ ဦးအောင်သင်း
ကို အလှူငွေ ကျပ်တသိန်း (၁၀၀,၀၀၀) ကိုအလွဲသုံးစား လုပ်တယ်ဆိုပြီး လုပ်ကြံလိုက်ပါတယ်၊
နောက်တခုက ထူးထူးဆန်းဆန်း အောက်လမ်းနည်း သုံးတာပါ၊ ကျွန်တော်တို့တွေဟာ အလှူရှင်တွေက ဖုံးဆက်ပြီ နာရေးအလှူငွေ လှူဒါန်းရင် ဘယ်အချိန်မဆို အလှူရှင်အိမ်ကိုသွားရပါတယ်၊ အဲဒီနေ့က ကျွန်တော်အလှူခံတခုကနေ ညနေ-၅နာရီလောက်မှာ အသင်းရုံးကိုပြန်လာပါတယ်၊ အသင်းရုံးဟာထိုစဉ်က သင်္ဃာန်းကျွန်းမြို့ နုယ်ထဲက ဗြဟ္မာဝိဟာရ စာသင်တိုက် ဘုန်တော်ကြီးကျောင်းဝင်းအတွင်းမှာရှိပါတယ်၊ အဆောက်အဦးက ဝင်ပေါက်တပေါက်ထဲသာရှိပါတယ်၊ အဲဒီဝင်ပေါက်က ခြေသုတ်၊အခင်းတွေ ဘေးဖယ်ပြီ မြေကြီးကိုတူးနေတာတွေရပါတယ်၊ တူနေသူကတော့ သန်းမြင့်အောင် ၏ လက်သပ်မွေးထားသေား တပည့် မွေးစားသား၊အသင်းသားဖြစ်တဲ့ သိန်းဇော် ပါ၊ သိန်ဇော် ကို ပါလုပ်ထာလဲ မေးလိုက်ပါတယ် မဖြေပါ၊ ဘေးမှ ပလပ်စတစ်အိတ် ကိုင်ထားတဲ့ အသင်းဝန်ထမ်းစာရေးက ပလပ်စတစ်အိတ်ကိုပြပါတယ်၊ ဒါကိုမြေမြုပ်ဖို့လို့ ပြောပါတယ်၊
ပလပ်စတစ်အိတ်ထဲကို ဖွင့်ကြည့်လိုက်တော့ ဓါတ်ပုံ-၁၀-ပုံခန့်ကိုတွေရပါတယ်၊
နာယက ဦးအောင်သင်း၊ ဥက္ကဌ ဦးမြင့်ဆွေ၊အတွင်းရေးမူ ဦးရဲမြင့်၊ဘဏ္ဍာရေးမူ မျက်ချယ်ကိုဝင်းနိုင်၊ အပါအဝင် အသင်းစတင်တည်ထောင်သူ(Pioneer) တွေရဲ့ ဓါတ်ပုံတွေပါ၊
ဝင်ပေါက်တပေါက်သာရှိတဲ့ အသင်းရုံး အပေါက်ဝမှာ လူတိုင်းခြေနဲ့နင်းအောင် လုပ်ထာပါပဲ။
ဓါတ်ပုံတွေက ဘယ်ကရသလဲဆိုရင် သန်းမြင့်အောင် ကအသင်းသားလျှောက်လွှာတွေကို ပြန်ကြားရေးတာဝန်ခံအနေနဲ့ တရာဝင်သိမ်းဆည်းပေးရပါတယ်၊ လျှောက်လွှာတင်တိုင်း
ဓါတ်ပုံ-၂-ပုံပေးရပါတယ်၊ အသင်းစတင်ထူထောင်သူတွေလဲ
အသင်းသားဖြစ်ဖို့ ဓါတ်ပုံ-၂-ပုံ နဲအတူ လျှောက်လွှာတင်ရပါတယ်၊ အဲဒီဓါတ်ပုံတွေကို အသုံးချ
အောက်လမ်းနည်းနဲ့ လုပ်ကြံတာဖြစ်ပါတယ်။
ကြုံတုံး ငွေကြေးကိစ္စ ပြောပါရစေ၊ သန်းမြင့်အောင် က ၂၀၀၉-သြဂုတ်လ-ထဲမှာ VOA (သို့) BBC လေလှိုင်းကနေ အသင်းမှာ ငွေကြေးအလွဲသုံးစားမူ တခါမှမရှိခဲ့ကြောင်း ပြောခဲ့လို့ပါ၊ ကျွန်တော်တို့ အတွင်းရေးမူအဖွဲ့ က ဝန်ထမ်း-၂၀-လောက်ကို ငွေကြေး အလွဲသုံးစားအမူ့နဲ အလုပ်ဖြုတ်ခဲ့ရပါတယ်၊ ဝန်ထမ်းထဲက အကြီးဆုံးဖြစ်တဲ့ အုပ်ချုပ်ရေးမူ-၂-ဦးပါပါတယ်၊ ပထမ တဦးမှာ ငွေသုံးသိန်ပါ အလုပ်တော့ဖြုတ်လိုက်တယ်၊ ငွေကိုတော့ ကိုကျော်သူ ကခဏစိုက်ရော်ပါတယ်၊ နောက်မှ ကျွန်တော်လိုက်တောင်းရတာပါ၊ နေ့၊ည သွားပြီးတောင်ရတာ တော်တော်တော့ ခက်သား ရမှပဲ နားပူသက်သာပါတယ်၊ ဒုတိယ တဦးကတော့ သူမိသားစုက ပေးပါမယ်လက်မှတ်ထိုးခိုင်းပြီး အလုပ်ဖြုတ်ခဲ့ရပါတယ်၊ ယဉ်မောင်းတယောက်ကတော့ အသင်းမှားပိုက်ဆံပြတ်နေပြီးဆိုပြီး၊ အင်းစိန်းဘက်မှာ ငွေကျပ်-၄၀၀၀- ၅၀၀၀-စီ လိုက်လံတောင်းလို့ ဖြုတ်ရတာပါ၊ ကျန်သူတွေကတော့ ဈာပန ချစဉ် ငွေ-၂၀၀၀- ၃၀၀၀- တောင်သူ နဲ့ ပေးလို့ယူတဲ့သူတွေပါ၊ ပေးလို့ယူသူကို ကျပ်-၅၀၀-လောက်ဆိုရင် မသိချင်ရောင်ဆောင် နေရပါတယ်၊ ပေးလို့ယူပေမဲ့-၁၀၀၀- ကျော်ရင်ဖြုတ်ပြစ်ပါတယ်၊ ဈာပန ပိုင်ရှင်တွေကို တပြားမှမပေးဖို့ ရှင်းလင်းပြောပြထားပြီးသားပါ။
ကျွန်တော်တို့ ဖြုတ်လိုမရခဲ့တဲ့သူတွေလဲရှိခဲ့ပါတယ်၊ အသင်းသား၊ အလုပ်အမူဆောင်တွေထဲကပါ၊
နာယက ဦးအောင်သင်း အပါအဝင် အသင်းစတင်တည်ထောင်သူတွေရဲ့  ဓါတ်ပုံတွေကို အသင်းအပေါက်ဝမှာ မြေမြုတ်ခဲ့တဲ့ အသင်းသား သိန်းဇော် ဟာအသင်းသားတယောက်ပါ သန်းမြင့်အောင် ၏လက်သပ်မွေးထားတဲ့ တပြည့်မွေးစားသားပါ၊ ဈာပနတခုကငွေ-၅၀၀၀-တောင်းတာသိပေမဲ့ ဈာပနပိုင်ရှင်က အလှူဘဲဆိုပြီး မပြောတာရယ် သန်းမြင့်အောင် က ကာဆီးကာဆီ လုပ်ထာကြောင့် မဖြုတ်နိုင်ခဲ့ပါ၊ နောက်မှ အသင်းမှာ မိန်းမ တော်တော်ရှုပ်လို့ ဖြုတ်ပြစ်ရပါတယ်၊ နောက်တဦးက အသင်းသားကနေ အသင်းမှား စာရေးဖြစ်သွားတဲ့ စာရေမတယောက်ပါ၊ သန်းမြင့်အောင် အသင်းမှာ လက်သပ်မွေးတပည့် မိုလို့-၈-တန်းလောက်ပဲရှိမယ်၊ စာရေးမခန့်လိုက်ရပါတယ်၊ လာလှူသူရှိရင်လဲ ငွေလက်ခ၊ံ အလှူခံဖြတ်ပိုင်းရေးပေးရပါတယ်၊ ဘဏ္ဍာရေးအဖွဲ့ အားလုံးအလုပ်အမူဆောင် အမျိုးသ္မီးတွေဖြစ်ပါတယ်၊ တနေ့တဦး တာဝန်ကျပါတယ်၊ ညနေပြန်ရင် တနေ့တာ အလှူငွေကို သိမ်းသွားရပါတယ်၊ ကျွန်တော်က ဘဏ္ဍာရေးမူ အပါအဝင်ဘဏ္ဍာရေးအဖွဲ့ဝင် အိမ်တွေမှာ တပါတ်တခါသွားပြီး အလှူငွေတွေကိုသိမ်းရပါတယ်၊ အားလုံးသိမ်းပြီး အသင်းရုံးပြန် စာရေးမဆီအားလုံး စာရင်းနဲ့အပ်ရပါတယ်၊ နောက်နေ့ မနက် ကျွန်တော်ဘဏ်ကိုသွားအပ်ရမှာပါ၊ စာရေးမ နဲ့  အုပ်ချုပ်ရေးမူက စာရင်လုပ်ပြီး ရုံးရှိမီခံသေတ္တာထဲမှာသိမ်းထားရပါတယ်၊ နောက်နေ့ ကျွန်တော်ဘဏ် အပ်မယ်ဆိုတော့ မီးခံသေတ္တာထဲမှငွေကို အုပ်ချုပ်ရေးမူ ထံမှစာရေးမ ထုတ်ယူပေးရပါတယ်၊ အဲဒီလိုပေးတိုင်း မကြာခဏ စာရင်းထဲကအတိုင်းမဟုတ်ပဲ ငွေကျပ်-၄၀၀၀၀-၅၀၀၀၀-(လေး၊ငါးသောင်း) ကွာနေတာတွေ့ရပါတယ်၊အဲဒီလိုဖြစ်တိုင်း ကျွန်တော်ငွေလိုက်သိမ်တာမှာလို့လား၊ ဘဏ္ဍာရေးအဖွဲ့ကပေးတာမှားလို့လား၊ ပြန်စစ်ဆေးရပါတယ်၊ စစ်တိုင်းကျန်သူတွေမမှားပဲ၊ စာရေးမ ငွေစာရင်းသွင်းတာ မှားနေတာကို မကြာခဏ တွေရပါတယ်၊ ကျွန်တော်တို့သာ စာရင်းတိတိကျကျမလုပ်ခဲ့ရင် ခံရမှာ၊ မဟုတ်တာလုပ်ထာသိပေမဲ့ မဖြုတ်နိုင်ခဲ့ပါ။
နောက် အလုပ်အမူဆောင်တွေဖြစ်တဲ့ မော်တော်ယဉ်အဖွဲ့ ပါ၊ မော်တော်ယဉ်(ကား) ဝယ်ယူရေး နဲ့ ပြင်ဆင်ရေး အတွက်ဖွဲပေးထားတာပါ၊ အဖွဲ့ထဲကတယောက် ကားပြင်လာတယ်ဆိုပြီး ငွေပေးရန်ပြေစာ တင်ပါတယ်၊ ကျပ်ငွေ တသိန်း ပေးရမှာပါ ကားကို ကျွန်တော်တို့ အတွင်းရေးမူအဖွဲ့ က ဆင်းစစ်ပါတယ်၊ တသောင်း ခန့်သာပေးရမှာကို တသိန်း တင်ထားတာတွေ့ရပါတယ်၊ သန်းမြင့်အောင် လူယုံဖြစ်လို့ အရေးမယူနိုင်ခဲ့ပါ။
နောက်အမူ့ကတော့တော်တော်ကြီးပါတယ်၊ ကားဝယ်တဲ့ကိစ္စပါ မော်တော်ယဉ် အဖွဲ့ကနောက်တဦးပါ၊ သူတို့အဖွဲ့ကိုကားဝယ်ယူဖို့ ဟိုင်လတ် ၅-ချိတ် ကားရှာခိုင်းထားတာမှန်ပါတယ်၊ လုပ်ထုံးလုပ်နည်းက ကား ၄-၅ စီးရှာပြီး ကားရာဇဝင် ကားရဲ့  အသေးစိတ်သပ်မှတ်ချက် (Specification) တွေ နဲ့ ကျွန်တော်တို့ အတွင်းရေးမူအဖွဲ့ ကိုတင်ရပါမယ်၊ ကျွန်တော်တို့ အဖွဲ့က စုံစမ်းစစ်ဆေးပြီး အပါတ်စဉ်ရှိတဲ့ အလုပ်အမူဆောင် အစည်းအဝေကို ဘယ်ကားဝယ်သင့်တယ်ဆိုတာ တင်ရတာပါ၊ အမြဲကားဝယ်တိုင် ဒီလိုဘဲစနစ်တကျ လုပ်ခဲ့ကြတာပါ၊
ဒီတခါလဲ မော်တော်ယဉ်အဖွဲ့က သန်းမြင့်အောင် ကိုပိုင်းသူတယောက်က ဟိုင်လတ်ကားရှာလာပြီး သန်းမြင့်အောင် ကိုသွားကပ်ပါတယ်၊ ကားအင်မတန်ကောင်းတယ်၊ မနက်ဖြန် ငွေချေရမယ် လက်လွတ်လို့ မဖြစ်ဘူပေါ့ ဒါကို သန်းမြင့်အောင် ကယုံတော့ ဝယ်ခွင့်ပြုလိုက်ပါ ငွေလဲမနက်ဖြန်ခါ ထုတ်ပေးလိုက်ပါ၊ အားလုံးက မကျေနပ်ပေမဲ့ လက်ခံလိုက်တယ်၊ နောက်နေ့မနက်ကြတော့ ဘဏ္ဍာရေးမူ ကသူတယောက်ထဲ ဘဏ်မှာငွေလိုက်ထုတ်ပေးရမှာ ဖြစ်နေလို့ ကျွန်တော့ကို ခေါ်ပါတယ် ကျွန်တော်လဲ အမကြီးတွေဖြစ်တဲ အတွက်ဘဏ်ကိုလိုက်သွားပါတယ်၊ ကျပ်သိန်း-၁၈၀-ထုတ်ပေးရမှာပါ၊ ကားရောင်းတဲ့ပိုင်ရှင်လဲပါပါတယ်၊ ငွေထုတ်ပြီး ပေးတဲ့အခါ ဘာတွေ့ရသလဲ ဆိုတော့ ငွေကိုအထုတ်ဘယ်လောက်ရှိတယ် ဆိုတာတောင်စစ်ဆေးခြင်မရှိဘူး အိတ်တွေထဲ အတင်း ထိုးသိပ်ထည့်ပြီး သွားတော့တာပဲ၊ ကျွန်တော်လဲ ရုံးပြန်ရောက်ရောက်ခြင်း အတွင်းရေးမူအဖွဲ့ ကိုခေါ် ကားကိစ္စစစ်ဆေးဖို့လုပ်ပါတယ်၊ ကားပွဲစားတန်းမှား စုံစမ်းတော့ ကျပ်သိန်း-၁၀၀-တောင်မတန်တဲ့ကားကို ကျပ်သိန်း-၁၈၀-ပေးလိုက်ရခြင်းဖြစ်ပါတယ်၊
ဒီကိစ္စမှာ မော်တော်ယဉ်အဖွဲ့က ကားဝယ်သူ၊ ဝယ်လိုက်ပါ နောက်နေ့ ငွေထုတ်ပေးလိုက်ပါဆိုသည့် သန်းမြင်အောင် တို့ ဘာမှအရေးယူလို့မရပဲ အစည်းအဝေးဆုံးဖြတ်ချက်မရှိပဲ ငွေထုတ်ပေးလို့ဆိုပြီး အပါတ်စဉ် အလုပ်အမူဆောင် အစည်းအဝေးမှာ ဘဏ္ဍာရေမူ ဖြစ်တဲ့ အမကြီးတယောက် မျက်ရည်စက်လက်နဲ့ဘဏ္ဍာရေမူ က ဖြုတ်ခံလိုက်ရပါတယ်၊ ခုတ်ရာတခြားထစ်ရာတခြားပါ၊ ငွေကြေး နဲ့ ပါတ်သက်ရင် သန်းမြင်အောင် ကို လုံးဝမယုံပါ၊
၂၀၀၉-သြဂုတ်လထဲမှာ၊ VOA (သို့) BBC မှ လေလှိုင်း မှ ကြေငြာပါတယ်၊ အသင်းအဖွဲ့တွေရဲ့  ငွေကြေး အလွဲသုံးစားမူကိုဆွေနွေးမူမှာပါ၊ အသင်းစတင်တည်ထောင်သူ၊ နာရေကူညီမူအသင်း(ရန်ကုန်) ၏ အတွင်းရေးမူ ဒေါ်သန်းမြင့်အောင် မှ နာရေးကူညီမူအသင်း(ရန်ကုန်)၏ ငွေးကြေး သုံးစွဲမူနဲ့ ပါတ်သက်၍ ပြောပါလို့ပြောတဲ့အခါ၊ မိုလုံးပါတ်လည် လိမ်ပြီး၊ လေလှိုင်ပေါ်က တခါမှ ငွေကြေးအလွဲသုံးစားမူ မရှိကြောင်း ပြောသွားပါတယ်၊ တတိုင်းပြည်လုံးကို လိမ်ရဲတာပါ၊ မိမိတို့ အပြစ်တွေဖုံးကွယ်ဖို့ နာရေးကူညီမူအသင်(ရန်ကုန်) ၏ နာရေးအလှူငွေကျပ်သိန်း-၆၀၀-(သိန်းခြောက်ရာ) ခန့် ကို ၂၀၀၆-ခုနှစ်မှာ ဘိုးဘွားပိုင်ပစ္စည်း ပေးသလို တိတ်တိတ်ပေးခဲ့တာကို အလှူရှင်များကိုအသိပေးခြင်း၊ ပြည်သူများအားကြေငြာခြင်းမရှိသေပါ၊ ရာဇဝတ်ပြစ်မူ့ ကြီပါ၊ မင်းက သိန်းခြောက်ရာ အလွဲသုံးစားလုပ်ထာသိရက် နဲ့ ဘာကြောင့် သက်ဆိုင်ရာကို မတိုင်သလဲ မေးရင်တိုင်ဖို့ ကြိုးစာပါတယ်၊ အသင်ကိုငွေလှူ ကားလှူ ထားတဲ့ ညောင်ပင်လေးဈေးကဈေးလူကြီးတွေကလဲ မကျေနပ်ပါဘူး၊ သူတို့က မင်မှားငွေကျပ်သိန်း-၂၀၀-လောက်ရှိမှ တိုင်လို့ရမယ်၊ ပြောပါတယ်၊ စိတ်လျှော့ခဲ့ရပါတယ်၊ သန်မြင့်အောင် တို့က အသင်းနာရေးအလှူငွေ နဲ့ တရားရင်ဆိုင်မှာ၊ တယောက်ခံသွားရတာကို သိထာပါတယ်၊
သန်းမြင်အောင် တို့ ရန်ကုန်တိုင်းတရားရုံးမှာ တရားစွဲခံရတော့ နာရေးအလှူငွေတွေသုံးပြီး၊ သိန်းချီတန်တဲ့ ဆွဲချင်း တရာသူကြီးကို မကြာခဏပို့ပေးရပါတယ်၊ ကျွန်တော်ကိုတိုင် တရားရုံး အမြဲသွားပေးရလိုသိတာ၊ တဖက်လူမှာတော့ ခေါင်တွေဖြူပြီး လမ်းတောင်မလျှောက်နိုင်တော့ပါ၊ သန်းမြင့်အောင် တို့ကတော့ နာရေးအလှူငွေတွေ နဲ့ တရားရင်ဆိုင်ရလို့ အပြုံးမပျက်ပါ။
ဆရာဦးသုခ ကိုအသုံးချတာနဲ့ ပါတ်သက်လို့ ပြောရမယ်ဆိုရင်၊ ဆရာဦးသုခ ကိုအသင်းစတင်တည်ထောင်သူ တွေက နာယက တင်မြောက်ထားတာပါ၊ ဆရာဦးသုခ ဟာ မြန်မာပြည်၏ တန်ဖိုးမဖြတ်နိုင်သော ပညာရှိကြီး တဦးဖြစ်ပါတယ်၊ မျက်စိမမြင် နားသိပ်မကြား ရပေမဲ့ အသိ နဲ့ သတိ အမြဲရှိနေတာတွေ့ရပါတယ်၊ ဆရာဦးသုခ ပြောတာရှင်းရှင်း လေးပါ၊ ငါ့မှာ နားနှစ်ဖက်ရှိတယ်၊ မင်းတို့ပြောဒါကို ဒီဖက်နားနဲ့နားထောင်မယ်၊ သူတို့ပြောတာ ကို ဒီဖက်နားနဲ့နားထောင်မယ်၊ နားနှစ်ဖက်ကိုပြပြီး၊ နားနှစ်ဖက်နဲ့နားထောင်မယ် ပြောတာပါ၊ ဘဘအမွေပေးခဲ့တယ် ဆိုတာတွေ၊ ဘဘကခိုင်းလို့လုပ်ရတယ်ဆိုတာ တခုမှမဟုတ်ပါဘူး၊ လိမ်တာတွေပါ ဆရာဦးသုခ ကိုအသုံးချတာပါ။
၂၀၀၃-ခုနှစ် နှစ်ပါတ်လည် မတိုင်ခင် တလလောက် အလိုမှာ ကိုကျော်သူ၊ သန်းမြင့်အောင်၊ မြင့်မြင့်ခင်ဖေ (ခေါ်) ရွှေဇီးကွက်၊ ကျွန်တော်တို့ ဒဂုံသီရီလမ်း ကျောက်မြောင်းမှာရှိတဲ့ အမကြီးဒေါ်ဌေးဌေးနိုင် အိမ်မှာညနေ လျှိုဝှက် အစည်းအဝေး လုပ်ကြတော့၊ ဦးစန်းမြင့် ဆိုသူအပါအဝင် လူ ၁၁-ယောက်ဖိတ်ထားတာတွေ့ရပါတယ်၊ အဲဒီလူတွေကို သန်းမြင့်အောင် က ကျွန်တော်ကိုမိတ်ဆက်ပေးပါတယ်၊ ဥက္ကဌ ဦးမြင့်ဆွေ မှ လပါတ် အစည်းအဝေး မှာ အသင်းသားအသစ် လျှောက်လွှာ ကိစ္စတရားဝင် ရပ်ဆိုင်းထားဖို့၊ ပြောထားသော်လည်း၊ ထိုနေ့က အသင်းသားလျှောက်လွှာ ထိုသူ ၁၁-ဦး အတွက်ထုတ်ပေးလိုက်ဖို့ပြောပါတယ်၊ အဲဒီနေ့ကစပြီး မိမိတို့ကိုထောက်ခံမည့် အမာခံ လူ-၆၀-ခန့်ကို၊ တရားဝင် လျှေက်လွှာ ရပ်ဆိုင်းထားသော်လည်၊ အသင်းဝင်လျှောက်လွှာထုတ်ပေးပြီးစုဆောင်းထားခဲ့ပါတယ်၊ ဦးစန်မြင့် လေတပ်ထွက်ပါ အရာရှိတော့မဟုတ်ပါ နိုင်ငံခြား အလုပ်ရှာပေးရေး ပွဲစားလုပ်သူပါ၊ ကြံ၊ဖွတ် အသင်ဝင်လက်မှတ် ကိုင်ဆောင်ထားပါတယ်၊ ကျွန်တော့ဘဝမှား ကိုကျော်သူ အကြောင်း မကောင်းတာတွေသိထားပြီး ပြောတာ သူတဦးဘဲတွေဘူးပါတယ်၊ သန်းမြင့်အောင် ကို ဦးစန်းမြင့် ရုံးခန်းမှား မကြာခဏ တွေ့ရပြီး၊ သမက်ကို သင်္ဘောတင်ပေးဖို့ အတွက် သန်းမြင့်အောင် က ဦးစန်းမြင့် ကိုနောက်ပိုင်း အတွင်ရေးမူနေရာပေးခဲ့ပါတယ်၊ ကိုကျော်သူ ကိုတော့ ကျွန်တော် ကြိုတင်အသိပေးခဲ့ပါတယ်၊ ခင်ဗျားကို ဖြုတ်လိမ့်မယ်လို့၊ ၂၀၀၆- ကိုကျော်သူ 88-နှစ်ပါတ်လည် သွားတော့ အစိုးရက နာရေးကူညီမူအသင်း(ရန်ကုန်)၏ သတင်းစာ ထဲထည့်မူပိတ်ပင်ခဲ့ပြီ၊ ဦးစန်းမြင့် ကလည်း ကိုကျော်သူ ကိုဖြုတ်ဖို့ ဥက္ကဌ အပါအဝင် အားလုံးကိုစည်ရုံးပြီးပါပြီ၊ အသင်းသားတွေ လက်မခံလို့ ကိုကျော်သူ မပြုတ်ပဲ ဦးစန်းမြင့် အသင်းကထွက်သွားရပါတယ်၊ ဦးစန်းမြင့် ကဘာကြောင့်ဖြုတ်သလဲဆိုရင် အသင်းဟာ မှတ်ပုံတင်ရထားပြီး ပြည်ထဲရေးဝန်ကြီးဌာနမှာ နိုင်ငံရေးမလုပ်ပါဟု လက်မှတ်ထိုးထား၍ အခွင့်သာတုံး လုပ်လိုက်ထာဖြစ်ပါတယ်။
နာယက ဦးအောင်သင်း အပါအဝင် အသင်းစတင်တည်ထောင်သူတွေ၊ ကျွန်တော်တို့ ဒီဘက်က လုပ်နေတာတွေကို မသိဘူလား၊ အဒီတုံးကသူတို့ လုံးဝမသိခဲ့ပါဘူ၊ သူတို့ကလုံးဝစိတ်မဝင်စားဘူး၊ သူတို့သာ တရာဝင်အသိအမှတ်ပြုထားသည့် အသင်းသားစာရင်ကိုစိတ်ဝင်စားရင် ကျွန်တော်တို့မနိုင်ပါ၊
ကျွန်တော် အဲဒီတုံးက သေသေချာချာ တွက်ကြည့်ခဲ့ပါတယ် သူတို့ကိုထောက်ခံသူက ၁၀-ဦလောက် မျာနေတာတွေ့ ရပါတယ်၊ တရားဝင်အသိအမှတ်ပြု အသင်းသာ-၉၀-ရှိပါတယ်၊
အသင်းစတင်တည်ထောင်သူ တွေကလဲ သူတို့နည်း သူတို့ဟန် နဲ့ အပိုင်လုပ်ထားကြပါတယ်၊ ဘယ်လောက်တောင် အပိုင်ကြံထားသလဲဆိုရင်၊ အစည်းအဝေးလုပ်တဲ့နေ့က ကျွန်တော်တို့အားလုံး ပါးစပ်အဟောင်းသားနဲ့ မေ့ပြီး ငြိမ်၍ ငိုင်သွားကြပါတယ်၊ တဒင်္ဂ ဘာလုပ်၍ ဘာလုပ်ရမှန်း မသိ ဖြစ်သွားကြပါတယ်။
အဲဒီမှာ ဝါရင့်တာက (သဘာက) စကားပြောပါတာ၊ ကျွန်တော်တို့ လုပ်ထားတာတွေ ဘာမှလုံးဝမသိခဲ့တဲ့၊ ဆရာဦးအေးသန့် ကစကားစတင် ပြောခဲ့ပါတယ်။
တခုတော့ပြောပါရစေ၊ ကိုကျော်သူ၊ မြင့်မြင့်ခင်ဖေ(ခေါ်)ရွှေဇီးကွက်၊ ကျွန်တော်တို့ ဟာ၊ လုပ်အားပေး(Volunteer)နေရင်းနဲ့ ၂၀၀၂-နှစ်ကုန်ပိုင်းမှား အသင်းသား ၉၀-အသိမှတ်ပြုတော့မှ၊ အသင်းသားဖြစ်လာကြတာ ဖြစ်ပါတယ်၊ သန်းမြင့်အောင် က ကျွန်တော်တို့ အသင်းရောက်ချိန်မှာ၊ အသင်းစတင်တည်ထောင်သူများက ယုံကြည်၍ အသင်း၏ပြန်ကြားရေးတာဝန်ခံ၊ လုပ်ကိုင်နေပြီ ဖြစ်ပါသည်၊ အားလုံးဟာ လူယုံသတ်ထာ ခံလိုက်ရတာပါ၊ ကိုကျော်သူ ကို၊ ဦးစန်းမြင့် ဖယ်ရှားဖို့ ကြိုးစားတုံးက အောင်မြင်ခဲ့လျှင် ယနေ့ သန်းမြင့်အောင် အသင်ကြီး၏ ဥက္ကဌ ဖြစ်နေပါပြီ။
သန်းမြင့်အောင် တာဝန်က အသင်းပြန်ကြားရေးတာဝန်ခံဖြစ်သည့်အတွက် အသင်းသား ၉၀-၏ စာရင်းကို လက်မှတ်ထိုး သိမ်းဆည်းထားရပြီ၊ ထိုအသင်းသားစာရင်း အတိုင်း ၂၀၀၃-ခုနှစ် အသင်းနှစ်ပါတ်လည် ညီလာခံအတွက် ဖိတ်စာပေးဝေရမည်ဖြစ်ပါသည်၊ သို့သော် အသင်းသားစာရင်း တွင်ပါသော၊ အသင်းစတင်တည်ထောင်သူတွေကို၊ ထောက်ခံမည့်သူများကို၊ လုံးဝဖိတ်စာပေးဝေခြင်း မလုပ်ပဲ၊ မိမိတို့ အကြံအဖန် လုပ်ထားသော အသင်းသား အတု(ဦးစန်းမြင့် အပါအဝင်)များကို ဖိတ်စာပေး၍၊ နှစ်ပါတ်လည် ညီလာခံကို တက်ရောက်ရန် ဖိတ်ခေါ်ထားခဲံပါသည်။
၂၀၀၃-ခုနှစ် နှစ်ပါတ်လည် အစည်းအဝေးကို နေ့လည် ၁-နာရီမှာ စတင်မှာဖြစ်ပါတယ်၊ အသင်းစတင်တည်ထောင်သူများ ဖြစ်သည့်၊ ဦးအောင်သင်း ခေါင်ဆောင်သည့် နာယက များနှင့် အဖွဲ့ ဟာ၊ သြဝါဒ ဆရာတော်များဖြစ်သည့် ဗဟိုသံဃာနာယကအဖွဲ့  ဒုဥက္ကဌ အောင်မြေဘုံစံကျောင်းဆရာတော် နှင့် ချမ်းမြေ့  ဆရာတော်တို့ကို သူတို့ကားဖြင့် ပင့်ဆောင်လာပါတယ်၊ သင်္ဃာန်းကျွန်းမြိုနယ် သံဃာနာယက ဥက္ကဌ ဆရာတော်နှင့် အသင်းရုံးတည်ရှိရာ၊ ဓမ္မဝိဟာရကျောင်းတိုက်ဆရာတော်တို့ကိုလဲ ပင့်ဆောင်ပြီး ဖြစ်ပါသည်။
ကျွန်တော်တို့ ကလဲ ကျွန်တော်တို့် အသင်းသားအစစ်-၄၀-နှင့် အသင်းသားအတု -၆၀- အပြင် သန်းမြင့်အောင် က သူထူထောင်ထားသော အခမဲ့ -၁၀-တန်းကျောင်းမှ ကျောင်းသား လူငယ် -၂၀-ကို လည်း ခေါ်ထားသည့်အတွက်၊ အစီးအဝေးခန်းမထဲတွင်၊ ကျွန်တော်တို့ကိုထောက်ခံမည့်သူ၊ ၁၂၀-ရောက်ရှိနေပြီဖြစ်ပါတယ်၊ အမှန်က တရားဝင်အသိအမှတ်ပြုထားသော အသင်းသား -၉၀-သာ ရှိနေရမည် ဖြစ်ပါသည်။
ထုံစံအတိုင်း အခန်းအနားစတင်ကြောင်း ကြေငြာပြီး၊ သြဝါဒ ဆရာတော်ကြီးများကို၊ ဦးသုံးကြိမ်ကတော့ ပါတယ်၊ နောက် ဗဟိုသံဃာ့နာယက ဒုတိယ ဥက္ကဌ အောင်မြေဘုံစံကျောင်းဆရာတော်ကြီးမှ သြဝါဒ ပေးပါတယ်၊ ပြီးတဲ့အခါမှာတော့ သြဝါဒဆရာတော်တပါးဖြစ်တဲ့ ချမ်းမြေ့ ဆရာတော်ဘုရား ကအသင်းကြီးကို စတင်တည်ထောင်သူ နာယက ကြီးများမှ ဆရာတော်ထံ လျှောက်ထား ပေးအပ်ထားသော စာကိုဖတ်ပြမည်ပြော၍၊ ချမ်းမြေ့ ဆရာတော်ဘုရား ကိုယ်တိုင်း ထိုစာကို ဖတ်ပြပါတယ်၊ "အသင်းစတင်တည်ထောင်သူ နာယက ကြီးများမှ အသင်းကိုပြန်လည် ပြုပြင် ပြင်ဆင်ရန်ရှိပါ၍၊ နောက် -၆-လကြာမှ အသင်းသားများ အနေ နဲ့ အသင်းကြီး နဲ့ ဆက်သွယ်ကြပါရန်"၊ဖြစ်ပါသည်၊ အစည်းအဝေးခန်မထဲမှာ ထောက်လှမ်းရေးတွေလဲ ရှိပါတယ်။က
( ယခု ချမ်းမြေ့  ဆရာတော်ဘုရား၊ USA ရောက်နေပါသည်၊ မေးကြပါ။)
အမှန်ကတော့ သူတို စတင်တည်ထောင်သည့် အသင်း သူတို့ပြင်ဆင်ဒါ ဘာမှမတတ်နိုင်ပါ၊ ကျွန်တော်တို့ အားလုံး အရာရာကို မေ့ပြီး ငိုင်သွားကြပါတယ်၊ ဘာမှမလုပ်နိုင်တဲ့ အခြေအနေ ရောက်သွားပါတယ်၊ အသင်းစတင်တည်ထောင်သူ နာယကကြီးများက၊ ကျွန်တော်တို့မထင်တာ နဲ့ အပိုင်လုပ် လိုက်ထာဖြစ်ပါတယ်၊ ဒါကြောင့်လဲ သူတို့ အသင်းသားစာရင်းကို လုံးဝစိတ်မဝင်စားတာဖြစ်ပါတယ်၊ အမှန်တော့ ကျွန်တော်တို့ အားလုံးဟာ သူတို့ခွင်ပြုလို့ အသင်းမှား ကုသိုလ်ယူဖို့ လုပ်အားပေးလို့ရတယ်၊ သူတို့ခွင့်ပြုလို့ဘဲ အသင်းသား ဖြစ်ခွင့်ရခဲ့တာပါ၊ ဆရာဦးအောင်သင်း ပြောဘူးပါတယ်၊ "ငါတို့အသင်းကို ဘယ်သူမဆို ခွဲခြားမူ မရှိဘဲ လမ်လျှောက်ဝင်လို့ ရတယ်"၊ ဆိုတာပါဘဲ။
အမှန်အတိုင်းပြောရရင် ကျွန်တော်လဲ အသင်းကြီး၏ရည်ရွယ်ချက်ကိုကြိုက်လို့ အသင်းတွင် အသိမရှိ
လမ်းလျှောက်ဝင်လာပြီး လုပ်အားပေးခဲ့သူ တယောက်သာဖြစ်ပါတယ်၊ ကျွန်တော်မှာ ပါအုပ်စုမှမရှိပါ၊ ကျွန်တော်၏ အသင်းတွင် ပါဝင်လှုပ်ရှားမူတွေကို၊ သန်းမြင့်အောင် တို့ကတွေပြီး သူတို့ဖိတ်လို့ သူတို့ လျှိုးဝှက်တွေ့ဆုံရာ၊ ဒဂုံသီရိလမ်း၊ ကျောက်မြောင်းက အမကြီး ဒေါ်ဌေးဌေးနိုင် အိမ်ကိုဖိတ်ခေါ်လို့ ရောက်ခဲ့ရတာ ဖြစ်ပါသည်၊ ကျွန်တော့ အသိစိတ်ကတော့ ကိုကျော်သူ အသင်းတွင်နေရာတခုခုရရင် အသင်းကြီးတိုးတက်မယ်လို့ ယုံကြည်လို့ ဖြစ်ပါတယ်၊ အသင်းကြီးကို အပိုင်စီးဖို့၊ အသင်းကို မိမိတို့စတင်တည်ထောင် တယ်လို့ လိုက်အော်နေသည့်၊ အဆင့်အထိ ပြု့ လုပ်လိမ့်မည်ဟု လုံးဝမထင်ခဲ့ပါ။
ချမ်းမြေ့  ဆရာတော်၏ ဖတ်ပြသောစာအရ ကျွန်တော်တို့အားလုံး၊ ငြိမ်သွားကြပါတယ် ပါစပ်တောင် မဟနိုင်ကြပါ၊ အဲဒီမှာ အတွေ့ အကြုံ(သဘာ)ရှိပြီး ကျွန်တော်တို့လုပ်ထားတာတွေ ဘာမှလုံးဝ မသိတဲ့ ဆရာဦးအေးသန့် က ဆရာတော်ကြီးများကို လျှောက်ထားပါတယ်၊ အသင်းကြီး ကောင်းစွာလည်ပါတ်နေပြီး ဖွဲ့စည်းပုံ လည်းရှိတယ်၊ တရားဝင် မသိအမှတ်ပြုထားသည့် အသင်းသားတွေလဲရှိတယ်၊ ပြင်ဆင်ဖွဲ့စည်းဖို့ လိုအပ်ပါသလား၊ လို့လျှောက်ထားပါတယ်၊ အဲဒီမှာ ကျွန်တော်လည်း သတိရပြီး ဆရာတော်ကြီးများကို၊ အသင်းသားတွေ၏ အဖြေကိုလည်းကြည့်ပေးပါ လို့လျှောက်ထားပြီ၊ နာယကကြီးများ၏ အသင်းပြန်လည်ပြင်ဆင်မူကို ကန့်ကွက်ရင်ထကြပါလို့၊ အသင်းသားများဖက်ကိုပြောလိုက်ပါတယ်၊ အားလုံးထကြပါတယ်၊ အားလုံးထကြသည့်အပြင်၊ သန်းမြင့်အောင် ခေါ်ထားသည့် လူငယ်တွေက ငွေတသိန်းအလွဲ သုံးစားလုပ်သည့် ဦးအောင်သင်း ထွက်သွားလို့ ဝိုင်းအော်ကြပါတယ်၊ လူငယ်တွေ ဦးအောင်သင်း ကိုဝိုင်းအော်လို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်၊ အသင်းစတင်တည်ထောင်သူ နာယက ကြီးတွေ အသင်းစတင်တည်ထောင်သူတွေ ဟာ ရုတ်ရုတ်သဲသဲ ဖြစ်ထာကိုလန့်ပြီး ဆရာတော်ကြီးများကို ပြန်လည်ပင့်ဆောင်၍ အစည်းအဝေးခန်းမမှ ပြန်လည်ထွက်ခွာသွားကြပါတယ်။(အားလုံးကို ဗွီဒီယို ရိုက်ထာပါတယ်)
မမျော်လင့်ဘဲ အသင်းကြီးကို လွယ်လွယ်နဲ့ ရရှိခဲ့တာဖြစ်ပါတယ်၊ အစည်းအဝေးခန်းမထဲမှာ ထောက်လှမ်ရေး တွေလဲရှိပါတယ်၊ အစည်းအဝေးခန်းမထဲမှာ၊ ကျွန်တော်တို့လူတွေဘဲရှိပါတော့တယ်၊ ကျွန်တော်တို့အားလုံး အစည်းအဝေး ဆက်လုပ်ပြီး အသင်းသားအစစ်ထဲက အမြဲတမ်း အသင်းကြီးမှာလုပ်အားပေနေတဲ့ အသက်-၆၀ကျော် ထဲက အငြိမ့်စား ကျောင်အုပ်ဆရာကြီးတဦး၊ စာတတ်ပေတတ် ဘုန်းကြီးလူထွက်တဦး၊ အငြိမ့်စားတပ်မတော်သားတဦး တိုကို နာယက တင်ပြီး၊ ဆရာဦးအေးသန့် ကို ဥက္ကဌ တင်ပါတယ်၊ ကိုကျော်သူ က ဒုဥက္ကဌ၊ ကျန်သူတွေလဲ အသီးသီး နေရာတွေယူကြရပါတယ်၊ သန်းမြင့်အောင် ကတော့ ဒုံရင်းဒုံရင်း ပြန်ကြားရေးတာဝန်ခံ ဘဲရပါတယ်၊ သန်းမြင့်အောင် ၇-တန်းတောင် မအောင်ပါဘူး၊ ကျွန်တော်ရှိရင် အတွင်းရေးမူ ရာထူးမပေးပါ၊ အတွင်းရေးမူ ဆိုတာ သူနေရာနဲ့သူ ဝင်ဆံဖို့လိုပါတယ်၊ သူ့ခင်ဗျာ နောက်-၅-နှစ်လောက် အမျိုးမျိုးလှည့်ပါတ် ကလိန်စေ့ငြမ်းဆင် ပြီးမှ ခုလုပ်နေတဲ့ အတွင်းရေးမူ ရာထူးရတာပါ၊ ပညာတတ်တွေကို အပြစ်ရှာ ဖယ်ရှားပြစ်လို့ တယောက်မှမရှိတော့ပါ၊ မဟုတ်မတရားတာတွေလုပ်ရတာ ပင်ပန်းလိုက်ထာဗျာ၊ နောက်နေ့မှာ အသင်းကြီးကို ပြန်လည်အသစ်ဖွဲ့ စည်းကြောင်း သတင်းစာများမှာ ထည့်လိုက်ပါတယ်၊ အဲဒီအချိန်ကစပြီး အသင်းကြီး ကျွန်တော်တို့ လက်ထဲ ရောက်ရှိခဲ့ပါတော့သည်၊ အသင်းစတင်တည်ထောင်သူတွေလဲ အနားတောင်မကပ် နိုင်တော့ပါ။
ထောက်လှမ်းရေးက တိတ်တဆိတ် ထောက်ခံသည်အတွက် ပြည်ထဲရေးဝန်ကြီးဌာနက ကျွန်တော်တို့ လက်ထက်မှာ အသင်းမှတ်ပုံတင်ခွင့် ရရှိခဲ့ပါတယ်၊ ကျွန်တော်တို့ အားလုံးကို အထင်သေးသည့်အတွက် မြန်မာပြည် အနှံ့ သွားရောက်၍ နာရေးကူညီမူ လူမူ့ရေးအသင်းအဖွဲများကို၊ ဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်၊ ထောင်ချီရှိတဲ့ လူထုကို ဟောပြောပွဲတွေ၊ လုပ်နိုင်ခဲ့ပါတယ်၊ မြို့ တိုင်း၊ ရွာတိုင်းမှာ ဘယ်သူမှ မတားဆီး ကြပါ၊ ဒီလို အောင်မြင်မူ အတွက်၊ ဗိုလ်ချုပ်ကြီး ခင်ညွန့် ၏ ဆုလာဒ် များကို ရရှိခဲ့ပါသည်။
(ဗိုလ်ချုပ်ကြီး ခင်ညွန့် ၏ ဆုလာဒ်၊ နာရေးပုံပြင်များ(၉) ကိုဆက်လက်ဖတ်ရှုပါ)





.

Read More...

Tuesday, September 3, 2013

Blog Widget by LinkWithin