ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Wednesday, February 12, 2014

၆၇-ကြိမ်မြောက် ပြည်ထောင်စုနေ့.....နှင့် ယုံကြည်မူ့

. ၆၇-ကြိမ်မြောက် ပြည်ထောင်စုနေ့.....နှင့် ယုံကြည်မူ့ . February 12, 2014 at 8:12am တိုင်းရင်သားအားလုံးက ပြောသံကြားရတယ် ခွဲခြားခံရတယ်တဲ့ အမှန်ကကျွန်တော့ အတွေ့ အကြုံအရ ပြောရရင် ကျွန်တော်တို့်ဟာ တိုင်းရင်းသားတွေမပြောနဲ့ တရုပ် ကုလား ဘယ်ဘာသာ ညာဘာသာဆိုပြီး ခွဲခြားပြီးမမြင်ခဲ့သလို ခွဲခြားပြီးမဆက်ဆံခဲ့ပါ မြန်မာပြည်ထဲမှာနေတဲ့ မြန်မာပြည်သား တဦးအဖြစ်သာ မြင်ခဲ့ပါတယ် အမှန်ကသတိတောင် မထားမိခဲ့ပါဘူး ကျွန်တော်တွေ့ ကြုံခဲ့ရတာကတော့ တိုင်ရင်းသားအများစုဟာ ၂-ယောက်ထဲဆိုရင် အများသိတဲ့ ဘာသာစကားကို ပြောကြပေမဲ့ သူတို့လူမျိုး ၂-ယောက်ရှိပြီဆိုရင် သူတို့်ဘာသာစကားကိုသာပြောပြီး ကျန်သူကိုဂရုမစိုက်တော့ပါ သူတို့ရဲအားနည်းချက်ပါ သူတို့ကသာခွဲခြားသွားကြတာပါ ကျွန်တော်တို့ အသိစိတ်ဓါတ်ထဲမှာ ဘာအမြင်ဘာခွဲခြားမူမှ မရှိတာအမှန်ပါဘဲ အမှန်က တိုင်းရင်းသားခေါင်းဆောင် ဆိုသူအချို့ ၏ သွေထိုးမူ့ ကြောင့်သာ ဒီလိုဖြစ်နေတယ်လို့ ယူဆပါတယ် ဒီလိုဘာဘဲ ငယ်စဉ်က ညီအကိုလိုခင်ခဲ့ကြတဲ့ မူစလင်ဘာသာဝင်တွေလဲ ပြည်ပသွေထိုးမူကို ယုံကြည်ကြပြီး သူတို့ကမသိမသာ ခွဲခြားသွားကြတာ သူတို့သတိမထားမိလို့ ခုအခါမဖြစ်သင့်တဲ အဖြးစ်တွေဖြစ်လာတယ်လို့  ယုံကြည်ပါတယ် အမှန်က ကျွန်တော်တို့က ဘာအမြင်မှမရှိသလို ဘာခွဲခြားမူမှ မရှိတာအမှန်ပါ တိုင်းရင်းသားအားလုံးနဲ့ လူမျိုးခြား ဘာသာခြား အားလုံးကို လေးစားလျှက်..... ၆၇-ကြိမ်မြောက် ပြည်ထောင်စုနေ့က ကြိုဆိုလိုက်ပါတယ်

Read More...

Tuesday, February 11, 2014

This is Kachin state in Myanmar(Burma)

.ခါခဘိုရာဇီ တောင်ထိပ်.....

Read More...

ကျိုက်ထီးရိုးဘုရား.....

.ကျိုက်ထီးရိုးဘုရား၏ မြင်ရခဲတဲ့ ရှုထောင့်ကနေ ရိုက်ယူထားတဲ့ ပုံကောင်းလေးတစ်ပုံဖြစ်ပါတယ်။

Read More...

Tuesday, February 4, 2014

ဒေါ်အောင်ဆန်းစုကြည် သမတ လုံးဝမဖြစ်နိုင်ပါ.....ကျော်သူ က သက်သေပြနေသည်

. ဒေါ်အောင်ဆန်းစုကြည် သမတ လုံးဝမဖြစ်နိုင်ပါ.....ကျော်သူ က သက်သေပြနေသည် ဒေါ်အောင်ဆန်းစုကြည် သမတ လုံးဝမဖြစ်နိုင်ပါ.....ကျော်သူ က သက်သေပြနေသည် နာရေးကူညီမူအသင်း(ရန်ကုန်)ကို ဘယ်လို မတရားနည်းတွေသုံးသိမ်ပိုက်ခဲ့သလဲဆိုတာ သိချင်ရင် ဝင်ရောက်လေ့လာနိုင်ပါသည်.....http://tharafi.BlogSpot.com/ မြန်မာပြည် ၏ နမိတ်ပုံ (သို့) နာရေးကူညီမူအသင်း(ရန်ကုန်) နှင့် ၂၀၁၀ ရွေးကောက်ပွဲ .....ခေါင်းစဉ်ဖြင့် Saturday, September 18, 2010 မှာ ကျွန်တော့ ဘလောဂ် သရဖီ မှာရေးခဲ့ပါသည် ကျော်သူ သန်းမြင့်အောင် ဇီးကွက် တို့ နာရေးကူညီမူအသင်း(ရန်ကုန်)ကို ဘယ်လိုမတရားနည်းတွေသုံးသိမ်းပိုက်ခဲ့ပုံများကို ရေးခဲ့တာပါ နာရေးကူညီမူအသင်း(ရန်ကုန်)ကို မတရားနည်းတွေသုံးသိမ်းပိုက်ရာမှာ မဲလိမ် လူစားထို အောက်လမ်းနည်းသုံး လုပ်ကြံတာကစ နည်းမျိုးစုံကိုသုံး နိုင်လည်းနိုင်ရမည် ရှုံးလည်းနိုင်ရမည် ဆိုပြီးနိုင်အောင်လုပ်ပြီးသိမ်းပိုက်ခဲ့ကြတာ ကျွန်တော်ကဦးဆောင် လုပ်ပေးခဲမိပါတယ် အသင်းကိုသိမ်းပိုက်ရရှိလို့ ထောက်လှမ်ရေးခင်ညွန့် တိုက်ခန်း မြေနေရာ ဖုံး(ထိုစဉ်က သိန်း၄၀-လောက်အမြတ်ရတယ်) အပြင် အသင်းအတွက်မြေနေရာပါ ခေါ်ပေးမှ ကျော်သူ နောက်မှာ ထောက်လှမ်းရေးခင်ညွန့် တကယ်ရှိကြောင်းသိခဲ့ရပါတယ် ခင်ညွန့် နဲ့အမျိုးတော်ကြောင်း ပြောနေတာကိုတော့ နေစဉ်ပါစပ်ကမချပြောနေတာကို နေ့စဉ်ကြားနေခဲ့ရတယ် (ခင်ညွန့် ပြုတ်တော့လဲ ဗိုလ်ချုပ်မူကြီးသန်းရွှေ ကို ပါစပ်ကမချပါ) အသင်းစတင်တည်ထောင်သူတွေနဲ့ ကိုယ်ယုံကြည်လို့ နေရာပေးထားတဲ့ သန်းမြင့်အောင် ၏ လူယုံသတ်ခံလိုက်ရတဲ ငွေတသိန်းနဲ့လုပ်ကြံခံလိုက်သူ အသင်စတင်တည်ထောင်သူ စာရေးဆရာ ဆရာဦးအောင်သင်း တို့ကတော့ ခင်ညွန့် ပါဝါအာဏာကြောင့် ဘာမှမတတ်နိုင်ဖြစ်ခဲ့ရတယ် သူခိုးအပေါ်သဝှက်လု ဆိုသလိုဘဲ ခင်ညွန့် အသင်းအတွက် မြေ ၅-ဧကကျော်ပေးတာ အိုးအိမ်းဦးစီးဌာနမှာ မြေဂရံလုပ်တော့ ညွန်ချုပ်ဦးအံ့ကျော် ကို မြေ ၂-ဧကပေးခဲ့ရတယ် မပေးရင်လဲ သူက ဒဂုံမြောက် ၄၂-ရပ်ကွက်ကသူတွေကို လိုက်လံလက်မှတ်ထိုးခိုင်းပြီ ဒီအသင်းရပ်ကွက်မှာရှိရင် ရပ်ကွက်နာတယ်လုပ်လို့ ပေးခဲ့တာပါ ၂၀၁၀ ရွေးကောက်ပွဲကို..... မြန်မာပြည် ၏ နမိတ်ပုံ (သို့) နာရေးကူညီမူအသင်း(ရန်ကုန်) နှင့် ၂၀၁၀ ရွေးကောက်ပွဲ ဆိုပြီးဘလောက်ဂ်မှာ ကြိုတင်ရေသလို နည်းမျိုးစုံသုံး အနိုင်ယူခဲ့တာမဆန်းပါ နိုင်ငံရေး စစ်ရေး အချစ်ရေး တို့မှာ နိုင်ဖို့ ရဖို့သာ အဓိက လို့ ဆိုထားပြီးသာပါ ဘာမဟုတ်တဲ့ လူမူရေးအသင်း မသာချတဲ့အသင်းကိုတောင် အောင်မြင်သွားတော့ မိမိတို့နံမည်ကြီးဖို့ ကျော်သူ သန်းမြင့်အောင် ဇီကွက် တို့ မတရားနည်းသုံး သိမ်ပိုက်ခဲ့သလို အာဏာရှင်ခင်ညွန့် ကလည်း တိုတက်သည့်အယူအဆရှိသူတွေ နေရမရအောင် အားပေးခဲ့တာဘဲ အဲဒီတော့ စစ်အစိုးရကလဲ မိမိတို့ရရှိခဲ့တဲ့အာဏာကို ဘာမှအောင်မြင်အောင် အဖြစ်ရှိအောင် လုပ်မပြနိုင်ခဲ့တဲ့ သူတွေကို နည်မျိုးစုံသုံး ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ယူခဲ့တာ မဆန်းပါ ကျော်သူ သန်းမြင့်အောင် ဇီကွက် တို့ဟာ အသင်းကြီးကို သိမ်းပိုက်ရရှိခဲ့တာကို အားမရဘဲ မိမိတို့ကို အားပေးဝိုင်ဝန်ခဲ့သူ လူတန်းစားပေါင်စုံနဲ့ မိမိတို့ထက် ပညာတတ်သူမှန်သမျှကို ဖယ်ထုတ်ရှင်လင်ခဲ့ပြီး ၃-ဦးကသာ ကုမ္မဏီသဘောမျိုး နံမည်ကြီးသူတွေကိုသာ ခေါ်ယူအသုံးချ အလုပ်လုပ်သည့် အမူဆောင်ဆိုတာမတွေ့ ရ မိမိတို့ ကုလာထိုင် နေရာမပျောက်ရေးကို အတွက်လုပ်ဆောင်နေရတာတွေ့ ရပါသည် တချိန်က လုပ်အားပေးသူ အသင်းသား အမူဆောင်များဖြင့် အလွန်စီးကားခဲ့သည့် အသင်းကြီးပါ (ဦးအောင်သင်း ပြောသလို ငါတို့အသင်းဟာ မည်သူမဆို လမ်းလျှောက်လာပြီး လုပ်အားပေးလို့ရတယ်) ကျော်သူ တို့ ကျွန်တော်တို့ သူတို့ခွင့်ပြုလို့ လုပ်အားလာပေးခဲ့ကြသူတွေပါ အဲဒီတော့ အာဏာရှိသူတွေကလဲ မိမိတို့ရရှိထားသည့်အာဏာပါဝါကို တခြားသူကို လုံးဝလွဲမပေးပါ ရှင်းရှင်းလေးပြောရရင် လုပ်ပိုင်ခွင့်ဆိုတာ အလကားရတာ မဟုတ်သလို ဘယ်သူကမှလဲ အလကားမပေးပါ အောင်မြင်အောင် လုပ်ယူရပါသည် ပါမှမအောင်မြင် အောင်မြင်အောင် အဖြစ်ရှိအောင် မလုပ်နိုငဘူးဆိုရင် လုပ်ပိုင်ခွင့်ဆိုတာကို မစဥင်္းစားပါနဲ့ ကျော်သူတို့လိုဘဲ ဘာမဟုတ်တဲ့ လူမူရေးအသင်း မသာချတဲ့အသင်းကိုတောင် နံမည်ကြီးဖို့ ကုလာထိုင်မြဲအောင် နေရာမပျောက်အောင် နည်မျိုးစုံသုံး လုပ်ဆောင်နေရင် နိုင်ငံရေးအာဏာ တိုင်ပြည်အုပ်ချုပ် မင်းလုပ်တဲ့အာဏာကို ဘယ်သူကမှ ကုလာထိုင်လွဲပေးမည်မဟုတ်ပါ အားလုံးစိတ်ကူးယဉ်နေကြတာပါ အမှန်တော့ ဦးနေဝင် လက်ထက်ကတဲက စိတ်ကူယဉ်နေကြတာ လက်တွေ့  မလုပ်နိုင်ဘဲ စိတ်ကူးယဉ်နေကြတာ တော်လောကြပါပြီ အဓီကက တိုင်းပြည်တိုးတက် ပြည်သူတွေ သာယာဝပြောဖို့ပါ ဝိုင်းဝန်းညှိနိုင် စည်းလုံး၍ လုပ်ဆောင်ရမည့်အချိန်ပါ ကျော်သူ သက်သေပြနေသလိုပါဘဲ ဒေါ်အောင်ဆန်းစုကြည် သမတ လုံးဝမဖြစ်နိုင်ပါ ခေါင်းဆောင်ဆိုတာ.....ဘာဆင်ခြေမှပေးလို့မရပါ မိမိကိုယုံကြည်လို့် ပြည်သူကခေါင်းဆောင်တင်မြောက်ခဲ့ရင် အောင်မြင်အောင် လုပ်ပြနိုင်ရပါမယ် ဒီလိုမှမဟုတ် ခေါင်းဆောင်နေရာယူပြီး ဘာမှလုပ်မပြနိုင်ရင် ကမ္ဘာမှာခေါင်းဆောင်ဆိုသူတွေ လွတ်လပ်ရေးဖခင်တွေ မပေါ်ထွက်နိုင်ပါ ဒေါ်အောင်ဆန်းစုကြည်...... အာဏာပါဝါ ပါတီအတွက် လုပ်မနေဘဲ တိုင်ပြည်တိုးတက် ပြည်သူတွေသာယာဝပြောဖို့.....တိုင်းပြည်ကို တည့်မတ်ပေးမည့် လူထူခေါင်းဆောင်သာ လုပ်သင့် ဖြစ်သင့်ပါသည်။်

Read More...

Blog Widget by LinkWithin